26 C
Yangon

ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးဒဏ်ရာရ

Must read

ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးစခန်းကို မောင်းသူ မဲ့လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့် တပ်စွဲထားသော ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးစခန်းရှိ စစ်တပ်ဗိုလ်နေသော အိမ်နှင့် ပျူစေ ထီးခေါင်းဆောင်နေအိမ်တို့ကို Shar Htoo Waw Drone နည်းပညာ(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြု ပြီး 1 Kg ဗုံးသီး ၃ လုံး ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗိုလ်ထိတယ်လို့တော့ မကြားမိဘူးဗျ။ စစ်ခွေးတစ်ကောင်နဲ့ ပျူခွေးတစ်ကောင်ထိတယ်လို့ပဲ အတွင်း သတင်းပေးက ပြောတယ်ဗျ၊ စစ်ခွေးတွေဘက်က လက်နက်ငယ်တွေရော၊ ၆၀ မမ ၅ လုံး ပြန် ပစ် ပါတယ်၊ အခုပျူရွာကို ဗုံးကျဲတဲ့အချိန်မှာ အမျိုးသမီး ရဲမေတွေပါလိုက်ပြီး ဗုံးကျဲခဲ့တာပါ၊ ကျနော်တို့ တပ်ဖွဲ့က ရဲမေတွေလည်း ရဲဘော်အမျိုးသားတွေနဲ့အတူတူ တိုက်ပွဲဝင်နေပါတယ်ဗျ၊ ရဲဘော်အားလုံး အထိအခိုက်မရှိ ဘေးကင်းခဲ့ပါတယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDF(ကျောက် လုံးကြီး) အဖွဲမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် လက်နက်၊ ခဲယမ်းရိက္ခာများ လိုအပ်နေသဖြင့် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် ကျောက် လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article