ကန့်ဘလူ၊ အင်းမနှင့် မိဿလင်ကုန်းရွာမှ ကလေးငယ်များအပါအဝင် ပြည်သူ ၆၀ ကျော်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ၊ဝက်လက်ရှိ ရွှေကျင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၅ လုံး မီးလောင်ပြာကျ
■ ရွှေကျင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဖျက်ဆီးခဲ့ပြီး ရွှေညောင်တော် ဘုရားပေါ်တွင် မိုင်းထောင်ခဲ့
ရန်ကုန်၊ ဇူလိုင် ၅
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ အင်းမရွာနှင့် မိဿလင်ကုန်းရွာမှ ပြည်သူ ၆၀ ကျော်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဇူလိုင် ၄ ရက်နှင့် ၅ ရက်နေ့များတွင် အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူများတွင် အသက်မပြည့်သေးသည့် ကလေးများ ပါနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကန့်ဘလူမြို့နယ် ပင့်သာရွာနှင့် ချောင်းကြားရွာရှိ စစ်ရှောင်တဲများကို ဇူလိုင်လ ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီးနောက် ထွက်လာသည့် အကြမ်းဖက်စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ကျော်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပင့်သာတိုက်နယ်၊အင်းမရွာ စစ်ရှောင်တဲတိုက်မှ ကုန်း ကွက် များတွင် ထယ်ထိုးနေသော အပြစ်မဲ့ပြည်သူ ၁၂ ဦးကို အကြမ်းဖက် ဖမ်း ဆီး သွားကြောင်း၊ ဖမ်းဆီးခံရသူများတွင် အသက်မပြည့်သေးသည့် ကလေး ငယ် ၃ ဦး၊ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာတွင် ပြည်သူများသည် တစ်လလျှင် ၅ ရက် ခန့် မျှ သာ ရွာထဲတွင် နေထိုင်နိုင်ပြီး စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် အမြဲ စစ်ဘေးရှောင်နေရကြောင်း၊ ဖမ်းဆီးခံရသူများမှာ ထယ်ထိုးသွားကြရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများတွင် အသက် ၁၂ ၊ အသက် ၁၃ နှစ်နှင့် အသက် ၁၅ နှစ်အရွယ် အသက်မပြည့်သေးသည့် ကလေး ၃ ဦးလည်း ပါဝင်ပြီး မိဘများမှာ စိတ်ပူပန်၍ ငိုကြွေးနေကြရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှား သူများအဖွဲ့က ပြောကြားသည်။
ထို့ပြင် ယနေ့ ဇူလိုင် ၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်လည်း ကန့်ဘလူ မြို့နယ်၊ကိုးတောင်ဘို့အထိုင်ရှိ စစ်တပ် ခြေမြန်တပ်ရင်း-၃၆ မှ အင်အား ၅၀ ကျော်သည် မိဿလင်ကုန်းရွာသို့ အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး ကျေးရွာ အတွင်းရှိ အပြစ်မဲ့ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကိုးတောင်ဘို့အထိုင်သို့ ဖမ်းဆီးခံရသူများကို ခေါ်ဆောင်၍ ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“အင်းမရွာက ၁၂ ယောက်ပါ။ စစ်ကြောင်းက နှစ်ကြောင်းပါဗျ။ မိဿလင် ကုန်း က ၅၀ ကျော်ဖမ်းခံရတာပါ။ တိုက်နယ်လည်း မတူပါဘူး။ အခုထိတာ့ ဘာမှ မကြား ရ သေးဘူးဗျ။ ရိုက်နှက်ခံရတာတွေရှိတယ်လို့ပြာတယ်ဗျ” ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ ပြောကြားသည်။
မိဿလင်ကုန်းကျေးရွာရှိပြည်သူများမှာ စစ်ကြောင်း သတင်းမကြားရဘဲ ရုတ် တ ရုက် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်ကြောင့် ရှောင်တိမ်းချိန် မရ ဘဲ ပြည်သူ ၅၀ ဦးကျော်ခန့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန် အထိ ဖမ်းဆီးခံရသူ ပြည်သူများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှသိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ် ကြောင်းထိုးနေသည့် စစ်တပ်က ရွှေကျင်ရွာကို ဇူလိုင် ၂ ရက်နှင့် ၃ ရက်နေ့များ တွင် ဝင်ရောက် တပ်စွဲ၍ နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွှေကျင်ရွာ အရှေ့ဘက် တောင်ထိပ်ပေါ်ရှိ သာသန နေမ္မိတာရုံကျောင်းတိုက်အတွင်း ကျောင်းပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခြင်း၊ ပစ္စည်းများ ခိုးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ရွှေကျင်ကျေးရွာ၊ သာသနနေမ္မိတာရုံကျောင်းတိုက်အတွင်းတွင် စစ်သားများက အရက်များ မူးရူးသောက်စားခြင်း၊ ကျောင်းဆောင်အတွင်း ဖိနပ်များဖြင့် တက် ခြင်း၊ ဘုန်းကြီးကျောင်းထဲရှိ ဗီရိုများနှင့် အံဆွဲများကို ရိုက်ဖျက်၍ ပစ္စည်းများကို ခိုးယူရုံမက ကျောင်းပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများ လှူဒါန်း ထားသည့် ဆန်များကိုလည်း ကြမ်းပြင်ပေါ်တွင် ကျဲချပြီး ကျောင်း ဆောင်နံရံများတွင် ညစ်ညမ်းစာသားများ ရေးသားခြင်း၊ ကျောင်းဆောင် များကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ လုပ်ဆောင် ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောကြားသည်။
“ကျောင်းတိုက်ကို ဖျက်ဆီးတာက ၇ လပိုင်း ၃ ရက်နေ့ ။ မီးရှို့တာက ၇ လပိုင်း ၂ ရက်နဲ့ ၃ ရက်နေ့။ သူက ၂ ရက်ဆက်တိုက်တပ်စွဲတာ ။ တပ်စွဲပြီးတော့မှ မီးရှို့တာ။ အိမ်ခြေက ၃၅ လုံးလောက်ပါသွားတာပေါ့။ ပြည်သူက ဖမ်းခံရတာ ၃ ၊ ၄ ဦး ရှိတယ်ကြားတယ်” ဟု Wetlet Information Network မှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။
ထို့ပြင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ရွှေညောင်တော်ဘုရားပေါ်တွင် စစ်တပ် က မိုင်းများ ထောင်ထားခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်များက ပြည်သူ များ သတိပေးချက်ထုတ်ပြန်၍ မိုင်းများကို ဇူလိုင် ၄ ရက်နေ့တွင် ရှင်းလင်းခဲ့ ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ရွှေကျင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်က ရေကြောင်း မှတစ်ဆင့် ကျောင်းမြောင်းဘက်သို့ ဆန်တက်သွားကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ပြောကြားသည်။
“သူတို့ နိုင်တဲ့ တစ်ယောက်စာနိုင်တဲ့ ပစ္စည်းတွေ သယ်ပြီးတော့မှ ဒီကောင် တွေက စစ်ကြောင်း ပြန်ထွက်သွားတာ မြစ်ကမ်းဘေးကို လာခေါ်သွားတာဗျ။ မနေ့က ရေကြောင်းကနေ ကျောက်မြောင်းဘက်ကို ဆန်တက်သွားတယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူက ပြောကြားသည်။