37 C
Yangon

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာရှိ နေအိမ် ၅ လုံးနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာရှိ နေအိမ် ၅ လုံးနှင့် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာရှိ နေအိမ် ၅ လုံးနှင့် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များမှ သိရသည်။

ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာ၌ အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းသည် သင်္ကန်းတုံးရွာရှိ နေအိမ် ၅ လုံးနှင့် သုံးဘီးဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးပြီး ရွာထဲရှိ ပြည်သူပိုင် နေအိမ်အားလုံးကို မွှေနှောက် ဖျက်ဆီးသွားကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာနေ ပြည်သူများသည် ထားဝယ် အရှေ့တောနယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသည့် ဇွန်လပိုင်းက စတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article