32 C
Yangon

ကျောက်ကြီးမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး၊ မတ္တရာမြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ကျောက်ကြီးမြို့နယ်တွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး၊ မတ္တရာမြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ နယ်​မြေတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၃ ရက် နံနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ မုန်း-ဇရပ်ကြီး ကားလမ်းပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အုတ်ဖြတ်ကျေးရွာအနီးတွင် ရိုးမစစ်ကြောင်း ၂ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက ၄၀ မမ ၂ လုံး၊ စနိုက်ဘာဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၄ နာရီ ၄၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒုတိယအကြိမ် ၆၀ မမ ဗုံးသီးများဖြင့် ဒရုန်းအသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်ကရင်ကျကျေးရွာ စာသင်ကျောင်းအရှေ့သို့ ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ စစ်သား ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွေးစုရွာဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၅ ည ၇ နာရီ မိနစ် ၂၀ ခန့်က မတ္တရာမြို့နယ်၊ ရွေးစုရွာဘက်သို့ ဆိုင်ကယ် ၁၀ စီးဖြင့် ကင်း လှည့်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၁ တပ်ဖွဲ့ဝင်များမှ မိုင်း ၂ လုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article