25 C
Yangon

ဝက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ ဘုတလင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးဒဏ်ရာရ

Must read

ဝက်လက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ ဘုတလင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ္စာရဘုရားအနောက်တောင်ဘက်နှင့် ရွှေညောင်တော်တောင်တို့၌ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လျှပ် စီး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၂၇ ရက်နေ့က စဉ့်ကူးမြို့နယ်၊ ရွာသာရွာမှ အင်အား ၇၀ ခန့်ဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ငါး ပတ်ချောင်းကျေးရွာ၊ သစ္စာရဘုရားအနောက်တောင်ဘက်အရောက် ပြည်သူ့အစေခံတော်လှန်ရေး တပ် ဖွဲ့၊ လျှပ်စီး ပြောက်ကျားတပ်ဖွဲ့၊ ဝက်လက်မြိုနယ် ပကဖ အဖွဲ့၊ စဉ့်ကူးမြိုနယ် ပကဖ အဖွဲ့များနှင့်တော် လှန်ရေးအဖွဲ့များစုပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ဝက်လက်မြိုနယ် ငါးပတ်ချောင်းကျေးရွာနှင့် သရက်ပင် ကျေးရွာတို့ကို ဝင်ရောက် မီးရှိပြီး ညနေ ၆ နာရီ ၁၀ မိနစ်တွင် စဉ့်ကူးမြိုနယ်၊ ရွာသာရွာဘက်သို့ သံခွံ မော် တော်ဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ အလားတူ ဇွန်လ ၂၉ ရက်နေ့တွင် ရှိန်းမကားကျေးရွာ ဘက်မှ အင်အား ၈၀ ခန့်ဖြင့်ဝက်လက်မြို့နယ်၊ ငါးတိုက်တောင်မှ တဆင့် ရွှေညောင်တော်တောင်ပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ရွှေညောင်တော်တောင်ပေါ်သို့ အရောက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယင်းအကြမ်းဖက်စစ်ကြောင်း မှာ ရွှေညောင်တော် တောင်ပေါ်၌ ၂ ရက်ကြာတပ်စွဲထားနေထိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက် နေ့လည် ၁၁ နာရီခန့်တွင် ရွှေညောင်တော်တောင်ပေါ်မှ တပ်ဆုတ်ကာ ရွှေကျင်ကျေး ရွာသို့ ဝင်ရောက်မီးရှို့ပြီး ပြန်လည်ဆုတ်ခွာကြောင်း၊ တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၃ ဦး ထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ပြီး လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြောက်တောကြီးရွာအနီး၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးနိုင်ဖွယ်ရှိကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၆ ရက် နံနက် နာရီ မိနစ် ၅၀ ခန့်က ကူတော်စခန်းမှ ဘုတလင်မြို့ဘက်သို့ အင် အား ၅၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်း ၅ လုံးတန်း မိုင်းကွင်း ၂ ကွင်းနှစ်ခုဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးဒဏ်ရာရှိခဲ့ပြီး တစ်ဦးသေဆုံးနိုင် ဖွယ်ရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း ၃ ၊ တပ်ခွဲ ၄ ၊ ရါာဇော်ကြီး PDF နှင့် မုံရွာခရိုင် တပ်ရင်း ၁၃ ၊ တပ်ခွဲ ၂ GpGDS တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article