25 C
Yangon

ခင်ဦးမြို့နယ်ရှိ လယ်သစ်တောရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၇ လုံးကျော် ပြာကျ

Must read

ခင်ဦးမြို့နယ်ရှိ လယ်သစ်တောရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၇ လုံးကျော် ပြာကျ

■ ကြက်ခြံ ၁၂ ခြံကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု ကြက် အကောင်ရေ ၄၀၀၀၀ ကျော် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လယ်သစ်တောရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ကြောင်းသည် ဇူလိုင်လ ၅ ရက်နေ့မှ စ၍ ကုန်းကြီးရွာကို ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၂၅ လုံး၊ လယ်သစ်တောရွာမှာ နေအိမ် ၂ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းအကြမ်း ဖက်စစ်တပ်သည် ကုန်းကြီးရွာတွင် ၂ ညအိပ် တပ်စွဲပြီး ယနေ့ ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းတွင် ကုန်းကြီရွာမှ ထွက်ခွာကာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ပြည်သူ ၁၀ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းနှင့် အတူ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းဝင်ရောက်မှုကြောင့် ကုန်းကြီးရွာ ပြည်သူများနှင့် နီးစပ်ရာ ကျေးရွာများမှ ဒေသပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်တိမ်းနေကြရကြောင်း ၊ ထို့ပြင် စစ်ကောင်စီကို အခွန်ဆောင်ပြီး မွေးရသည့် ရွှေဘို-မန္တလေးမှ ကြက်ဒိုင်များနှင့် ဖက်စပ်မွေးရသည့် အသားစား ကြက်မွေးမြူရေးခြံ ၁၂ ခြံကိုလည်း အကြမ်းဖက်စစ်တပ်မှ မီးရှို့ခဲ့သည့်အတွက် အသားစား ကြက် အကောင်ရေ ၄၀၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ခင်ဦးအရှေ့ဘက်ခြမ်း အင်အား ၁၀၀ ကျော် စစ်ကြောင်း ကုန်းကြီးရွာ ညအိပ်ပြီး ဝက်သဲရွာဘက် စစ်ကြောင်းထိုးနေ။ တောတဲ စစ်ရှောင်တဲများ မီးရှိ့ခံနေရတယ်။ နီးစပ်ရာ ကုန်းကြီး၊ တမာ၊ ရသာ၊ ဆူးတပ်၊ ဝက်သဲစတဲ့ ရွာတွေ စစ်ဘေးရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ထို့ပြင် ခင်ဦး အနောက်ဘက်ခြမ်း ရွာသစ်ကုန်းပျူစောထီးရွာမှ အင်အား ၆၀ ခန့်သည်လည်း ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် မြကန်ရွာဘက်သို့ ဝင်‌ရောက်စီးနင်း၍ ရိက္ခာလုယက်၍ မီးရှိ့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article