ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သွား ရောက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်ပြီး ပြည်သူများနှင့်တွေ့ဆုံ
ရန်ကုန်၊ ဇူလိုင် ၈
ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သွား ရောက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်ပြီး ပြည်သူများနှင့်တွေ့ဆုံ ခဲ့ ကြောင်း Royal Peacock Column တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန် သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Royal Peacock Column ၊ တော်၀င်ဒေါင်း စစ် ကြောင်းမှ တပ်ဖွဲ့၀င်များက ပဲခူးတိုင်းစစ်ရေးနယ်မြေအတွင်းလုံခြုံရေးနှင့် နယ်မြေစစ်ဆင်ရေးများကိုဆောင်ရွက်လျက်ရှိကြောင်း၊ နယ်မြေလုံခြုံရေး ဆောင် ရွက်နေစဥ်အတွင်း ထိုနယ်မြေများရှိ ရပ်ရွာပြည်သူလူထုများနှင့်လည်း တွေ့ဆုံကာ ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းပြီတော်လှန်ရေး ဆောင် ရွက်နေမှု လုပ်ငန်းစဉ်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။