29.6 C
Yangon

ဆားလင်းကြီး၊ လက်ပံတောင်းရွာ ဘုရားစေတီဝင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရပြီး စေတီတော်နှင့် သာသနိကအဆောက်အအုံများ ပျက်စီး

Must read

ဆားလင်းကြီး၊ လက်ပံတောင်းရွာ ဘုရားစေတီဝင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရပြီး စေတီတော်နှင့် သာသနိကအဆောက်အအုံများ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းရွာရှိ ဘုရားဝင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်ပံတောင်းရွာရှိ ဘုရားစေတီဝင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုရားစေတီနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်ပံတောင်းကျေးရွာ ဘုရားဝင်းအတွင်းကို လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရတယ်။ ဘုရားစေတီနဲ့ အဆောက်အအုံတွေ ထိခိုက် ပျက်စီးတာတွေ ရှိတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များက အရပ်သားပြည်သူများနေထိုင်သော ကျေးရွာ၊ စစ်ဘေးရှောင်နေရာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article