30 C
Yangon

သထုံမြို့နယ်၊ ရွှေရောင်ပြရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

Must read

သထုံမြို့နယ်၊ ရွှေရောင်ပြရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

ရန်ကုန်၊ ဇူလိုင် ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပြီး ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲကာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးမှာ အသက် ၅ နှစ်အရွယ် စောစင်မင်းဦး၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေ၊ အသက် ၁၈ နှစ်အရွယ် နော်မိထူး၊ အသက် ၅၇ နှစ်အရွယ် နော်တင်အေး၊ အသက် ၂၅ နှစ်အရွယ် စောကူ၊ အသက် ၉ နှစ်အရွယ် နော်သင်္ကြန်ဖော တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၄ အမြောက်တပ်ရင်းသည် ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ဇီးဝန်းကျေးရွာအနောက် နီးနား ကဇိုင်း/ထီးဖိုးညလိ့ တွင် တပ်စွဲထားခြငမး ဖြစ်ကြောင်း ကေအဲန်ယူ-ဗဟို ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article