35 C
Yangon

ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦး ဒဏ်ရာရ

Must read

ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Khin U Specialforce Organization-KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာကို ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပဒေသာမိုင်း ၂ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ရွာသစ်ကုန်းပျူစောထီးရွာနှင့် အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော စစ်သားများ ပါဝင်ပြီး အင်အား ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။

“စစ်ခွေး ၂၀ ကျော်ပါ စစ်ကြောင်းကို ပဒေသာမိုင်း ၂ လုံးတွဲနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ မျက်မြင် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ခွေး ၄ ကောင်သေပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားတယ်” ဟု Khin U Specialforce Organization-KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတစ်နေရာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း Shwe Bo Defense Force- SBDF တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ကျောက်မြောင်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်သား ၃၀ ခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းကွင်းအတွင်းသို့ ရောက်ရှိလာသဖြင့် ပွိုင့် ၃ ပွိုင့်မှ ပတ်ပတ်လည် မိုင်း ၁၀ ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး လဲကျသွားပြီး သေဆုံးခြင်းရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Shwe Bo Defense Force- SBDF စခန်း ၄ နှင့် Ranger Army ပျောက် ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မိုင်းကွဲပြီး ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ရွှေဘိုဘက်မှ လာသော မှန်လုံကားဖြင့် တင်ကာ ကျောက်မြောင်းဘက်သို့ သယ်ဆောင် သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article