28 C
Yangon

ဧရာဝတီ၊ ဖျာပုံတံတားရှိ စစ်တပ်ဂိတ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေ

Must read

ဧရာဝတီ၊ ဖျာပုံတံတားရှိ စစ်တပ်ဂိတ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေ

ရန်ကုန်၊ ဇူလိုင် ၈

ဧရာဝတီတိုင်း၊ ဖျာပုံတံတားရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာသည့် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ဖျာပုံတံတား၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က တံတားပေါ်မှ ဖြတ်သန်းလာသည့် ပြည်သူများထံမှ ယာဥ်မှတ်ပုံတင်များတောင်းကြည့်ကာ ခေါင်းစဥ် အမျိုးမျိုးဖြင့် ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သားနှင့် ရဲများသည် ပြည်သူများထံမှ ငွေကြေးတောင်းခံနေသည်မှာ ၇ လ ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း၊ လူတစ်ဦးလျှင် အနည်းဆုံး ၁၀၀၀ မှ ၅၀၀၀ ကြား တောင်းခံပြီး တစ်ရက်လျှင် လူဦးရေ အနည်းဆုံး ၁၀၀ ကို ဖမ်းဆီး ငွေကြေးတောင်းခံကြောင်း သိရှိရသည်။

“ဖျာပုံ တံတားအဆင်းက ရဲနဲ့စစ်သားက မှတ်ပုံတင်ပါ မပါ စစ်တယ်။ မှတ်ပုံတင် ပါပြန်ရင်လည်း သက်တမ်းတိုးဖို့လိုတယ်ဆိုပြီး ငွေညှစ်တယ်။ ဒီကောင်တွေ အမြဲတမ်း နေ့တိုင်းလိုလိုလုပ်စားနေတာ။ ရန်ကုန်အထည်ချုပ်စက်ရုံက လူငယ်တွေ အိမ်ကို အလည်အပတ်ပြန်ချိန်ဆို ရတဲ့ လစာလေးတွေထဲက မိဘကို မကန်တော့ရသေးဘူး ဒီကောင်တွေက အမြဲဖြတ်ဖြတ်ခုတ်နေတာ။ ကလေးတွေ မျက်နှာလေးတွေဆို သေနတ်ပြ ခြိမ်းခြောက် ငွေညှစ်တော့ အမြဲကြောက်နေကြရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article