36 C
Yangon

မုံရွာတွင် စစ်တပ် ရေယာဥ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ကျုံဒိုးမြို့ရှိ ၈ တိုင် မီးစက်ရုံးနှင့် ၉၇ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မုံရွာတွင် စစ်တပ် ရေယာဥ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ကျုံဒိုးမြို့ရှိ ၈ တိုင် မီးစက်ရုံးနှင့် ၉၇ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက် စစ်တပ် ရေယာဥ်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မုံရွာမြို့ အုန်းပင်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်တိုင်း အောက်ဘက်ကို ရိက္ခာပို့ရန် စုန်းဆင်းလာသော အကြမ်းဖက် စစ်တပ် ရေယာဥ် ဖလက်မော်တော် ၁ စီးကို တော်လှန်တပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညပိုင်း ၈ နာရီခန့်တွင် ကံကြီးကုန်းရွာမှ ပျူစောထီးများကို တင်ဆောင်လာသည့် အကြမ်းဖက် စစ်တပ်၏ မော်တော် ၁ စီးကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ၂ ကြိမ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ အများ​​အပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

” ​ကျွန်တော်တို့ အဖွဲ့ တော်လှန့်ရေး အရှိန်မြင့်တင်နေပြီး တိုက်ပွဲတွေ ဆက်တိုက် တိုက်ခိုက်နေရတဲ့အတွက် လက်နက်ခဲယမ်းများ လိုအပ်နေပါတယ် ပါဝင်လှူဒါန်းပေးကြပါအုန်းလို့ ပြောချင်တယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ထွဋ်ခေါင်ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ၊ ဓားမဆိုင်းတပ်မတော် D.M.S.A ၊ Shadow Rangers Salingyi SRS ၊ မုံရွာခရိုင် တပ်ရင်း ၄ အထူးကွန်မန်ဒို Monywa the boy နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆာင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ၈ တိုင် မီးစက်ရုံးနှင့် ၉၇ တပ်ရင်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားဖြူးစစ်ကြောင်း ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၇ ရက် နေ့လည် ၁၁ နာရီ ၄၂ မိနစ်ခန့်က ကော့ကရိတ်မြို့တောင်ပိုင်း၊ ကျုံဒိုးမြို့၊ ၈ တိုင် မီးစက်ရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အလားတူ ဇူလိုင်လ ၆ ရက် နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ ၉၇ တပ်ရင်း အတွင်း သို့ ၆၀ မမ ဖြင့် လည်းကောင်း၊ ကော့နွဲ့ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပြန်လှန်ပစ်ခတ်မှု ရှိခဲ့ပြီး အ ကြမ်း ဖက်စစ်တပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ကျားဖြူစစ်ကြောင်း ဗိုလ်ပွဲတော်ဦးဆောင်၍ ကျားဖြူတပ်ရင်းရုံး လုံခြုံရေး တပ်ခွဲ (Southern Eagle- PDF)၊ ကျားဖြူတပ်ခွဲ-၄ ၊ ကျားဖြူတပ်ခွဲ-၅ (Justice Soldier-PDF) တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article