29 C
Yangon

အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် PDF စုစုပေါင်း ၃၀ ဦးထက်မနည်းကို ထောင်ပြောင်းမည်ဟုဆိုကာ အပြင်သို့ ထုတ်၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

Must read

အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် PDF စုစုပေါင်း ၃၀ ဦးထက်မနည်းကို ထောင်ပြောင်းမည်ဟုဆိုကာ အပြင်သို့ ထုတ်၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

■ ရန်ကုန်တွင် ဖမ်းဆီးခံထားရသော အမျိုးသားရေး အစွန်းရောက် လီလီကျော်နိုင်ကို ပစ်သတ်သည်ဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကိုပါ စစ်တပ်က စစ်ကြောရေးတွင် ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၈

မြန်မာနိုင်ငံတစ်ဝန်းအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် PDF စုစုပေါင်း ၂၀ ဦးထက်မနည်းကို ထောင်ပြောင်းမည်ဟုဆိုကာ အပြင်သို့ ထုတ်၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်နှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူတချို့ထံမှ သိရှိရသည်။

မေလ ၂၇ ရက်နေ့တွင် ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဟ်ိန်း၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုပြည့်ဖြိုးအောင်၊ ကိုဇီလောင်း၊ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုဘိုဘိုဝင်း(ထန်းတောကြီး) အပါအဝင် နိုင်ငံရေးအကျဉ်း ၁၂ ဦးကို အကျဉ်းထောင်ပြောင်းမည်ဟုဆိုပြီး အပြင်သို့ ခေါ်ထုတ်ကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် ထောင်ကားမှောက်၍ ထွက်ပြေးသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ပြီး သက်ဆိုင်ရာ မိသားစုများကို အကြောင်းကြားလာကြောင်း သိရှိရသည်။

အလားတူ မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီး အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသား အထူးသဖြင့် PDF ဟု စွပ်စွဲဖမ်းဆီးခံထားရသူ ၁၂ ဦးထက်မနည်းကိုလည်းကောင်း ထောင်ပြောင်းမည်ဟုဆိုကာ ပြင်ပသို့ ထုတ်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အကျဉ်းထောင် သတင်းရင်းမြစ်က ပြောသည်။

“တောင်ငူထောင်မှာ အကျဉ်းသားတွေ ထွက်ပြေး ဖြစ်စဉ်အပြီး မေလနှောင်းပိုင်းမှာပဲ မုံရွာထောင်ထဲကလည်း နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ပြောင်းမယ်ဆိုပြီး အပြင်ထုတ်သွားတာရှိတယ်။ အဲဒီ လူတွေလည်း အဆက်အသွယ်မရဘူး။ ကြားရတာက အပြင်မှာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်က ပြောသည်။

မုံရွာ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး အပြင်သို့ ခေါ်ထုတ်၍ ပစ်သတ်ခံရသူ နိုင်ငံရေးအကျဉ်းသားများ၏ အမည်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဒိုက်ဦးအကျဉ်းထောင်ကဲ့သို့ မိသားစုများထံ ဆက်သွယ်အကြောင်းကြားမှု မရှိသေးဟု သိရှိရသည်။

“မုံရွာအကျဉ်းထောင်မှာ ဖြစ်တဲ့ကိစ္စကတော့ ကျနော်တို့ မသိရသေးဘူး။ စိတ်တော့ပူတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တွင် အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၊ ကိုကျော်သူရ(ခ) အီးတီတို့ကိုလည်း စစ်တပ်က ဇူလိုင်လဆန်းပိုင်းတွင် စစ်ကြောရေးတွင်ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article