29 C
Yangon

မိုးမောက်တွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို ကြားဖြတ် တိုက်ခိုက်၊ စစ်ကိုင်းတွင် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မိုးမောက်တွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို ကြားဖြတ် တိုက်ခိုက်၊ စစ်ကိုင်းတွင် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို KIA ၊ PDF ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားသည် ဒေါ့ဖုန်းယန် အခြေစိုက် ခလရ ၁၄၂ တပ်ရင်းက ထွက်လာစဥ် ဒေါ့ဖုန်းယန်မြို့ ခါလားတောင်ခြေတွင် KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း သိရသည်။

” ဒီနေ့ နံနက် ၁၁ နာရီလောက်က ဒေါ့ဖုန်းယန်မြို့ ခါလားတောင်ခြေမှာ တိုက်ပွဲဖြစ်တယ်။ မနေ့က စစ်ကြောင်းထိုးလာတဲ့ ၁၂ ဘီးကား ၂ စီးကို ကြားဖြတ်တိုက်နေတာ ဗန်းမော်ဘက်ကနေ တက်လာတာ နမ်ဆန်ယန်ဘက်သွားမယ့် စစ်ခွေးကားပါ။ ဒီနေ့ နံနက်ပိုင်း ၁၄၂ တပ်ရင်းက အထွက်မှာ တိုက်ခိုက်ခံရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မကျီးကန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DK PDF MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၆ ရက် ညနေ ၆ နာရီခွဲခန့် အင်အား ၆၀ ခန့်ဖြင့် စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည် စစ် ကြောင်းထိုးပြီး ပြည်သူလူ ထုကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ လုပ် ဆောင်နေသည့် အကြမ်းဖက်စစ် သားများကို မကျည်းကန်ကျေးရွာအရောက် ၈၀ မမ လက်နက်ကြီး များဖြင့် ၈ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပြီး အရေအတွက်အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

“PDF တွေကျဆုံးတဲ့အတွက်ရော အပြစ်မဲ့ပြည်သူ ပြည်သားတွေ၊ နေအိမ်တွေကိုလည်း မီးရှို့တယ်၊ ပြည်သူတွေကိုလည်းမီးရှို့ပြီးတော့ သတ်ဖြတ်တယ်၊ အဲဒါကြောင့် လူစိတ်မရှိတဲ့ ခွေးတွေကို လက်တုန့် ပြန်တဲ့အနေနဲ့တိုက်ခိုက်ခဲ့တာ၊ ဇူလိုင်လ ၅ ရက်နေ့က လယ်ကြီးမှာ ကားတွေနဲ့ချထားခဲ့တယ်၊ အဲဒီက နေ တဆင့် ညောင်ပင်ဝန်း မအူပင်ကို တောက်လျှောက်စစ်ကြောင်းထိုးလာတယ်၊ မအူပင်က စခန်းကို လည်း ဝင်စီးပြီးတော့ မီးရှို့ သွားတယ်၊ ပထဖထဲကလည်း နှစ်ယောက်သေပြီးတော့ တစ်ယောက်မ စိုးရိမ် ရဒဏ်ရတယ်လို့ သိရတယ်၊ အဲဒီကနေ ညောင်ပင်ဝန်းကို ပြန်လာပြီး ၆ ရက်နေ့မှာ မကျည်းကန်ဘက်ကို တက်လာတာ၊ ၇ ရက်နေ့မှာ ဂုန်ညင်းဆိပ်ဘက်ကို တက်တယ်ဗျ၊ ဂုန်ညင်းဆိပ်ကိုလည်း ပစ်ခတ်ဝင် လာ ပြီးတော့ မီးရှို့တယ်၊ အရင်တစ်ခါလည်း ရှို့ထားတယ်၊ အခုက ကျန်နေတဲ့အိမ်တွေကို မီးရှို့သွား တယ်ဗျ၊ ပြီးတော့ ဓားစားခံအနေနဲ့ခေါ်လာတဲ့ အပြစ်မဲ့ပြည်သူတွေကိုလည်း ဂုန်ညင်းဆိပ်ရောက်တဲ့အချိန်မှာ သတ်ပစ်ခဲ့တယ်လို့လည်း သတင်းရပါတယ်” DK PDF MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu(DK PDF-MMU) ၊ People Knight Defense Force Myinmu(PKDF MMU)၊ DBBF MMU နှင့် မြင်းမူမြို့တိုက်နယ် အနောက်ခြမ်း ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article