ရန်ကုန်တွင် ဗကသ ကျောင်းသားများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၉
ရန်ကုန်တွင် ဗကသကျောင်းသားများနှင့် တော်လှန်လူငယ်များ ဦးဆောင်ကာ ” ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ကိုင်စွဲကြ ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၊ North Dagon Oppressed People’s Strike Colition – NDOPSC ၊ ဗမာ့လူငယ်ကွန်ရက်(ဗလက)နှင့် Burmese Youth Revolutionary Force (BYRF) တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – AAMIJ


