26.4 C
Yangon

ဖြူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးရာ၌ အသုံးပြုသည့် သရက်ကုန်းရွာ တံတားကို မိုင်းခွဲ ရှင်းလင်း၊ လှည်းလမ်းကူးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

ဖြူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးရာ၌ အသုံးပြုသည့် သရက်ကုန်းရွာ တံတားကို မိုင်းခွဲ ရှင်းလင်း၊ လှည်းလမ်းကူးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ၌ အသုံးပြုသည့် သရက်ကုန်းရွာ တံတားကို မိုင်းခွဲ ရှင်းလင်းခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၄ နာရီခန့်က အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၉ တပ်မှ ပြည်သူလူထု နေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းထိုး ဖျက်ဆီးရာ၌ အသုံးပြုနေသော တံတား ၁ စင်းဖြစ်သည့် သရက်ကုန်းရွာ တံတားကို ဖြူး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် GoldenBrothersမြို့ပြပြောက်ကျားတပ်ဖွဲ့ပူးပေါင်းကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်မှ တပ်သားများသည် ဘုရားလဟာရွာ၌ အထိုင်ချ၍ အရှေ့ ဖက် ရှိ ကျေးရွာများသို့ ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင်ခရီးသွား ပြည်သူများကို ဖမ်းဆီး ရိုက်နှက်ခြင်း၊ ငွေ‌ညှစ်ခြင်း၊ မိန်းကလေးများ၏ ခန္ဓာကိုယ် အား ကိုင်တွယ်၍ မဖွယ်မရာ လုပ်ခြင်း၊ မိန်းကလေးများ၏ ဖုန်းနံပါတ်တောင်းယူကာ ဖုန်းဆက်ခေါ်ဆို ပြီး မဖွယ်မရာ စကားများ ပြောဆိုခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးရွာအတွင်း ဇူလိုင်လ ၆ ရက်နေ့ နံနက် ၄ နာရီခန့်က စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ ကမ်းရိုးတန်းတိုင်း လက်အောက်ခံ အင်အား ၅၀ ပါစစ်ကြောင်းသည် လှည်းလမ်းကူးကျေးရွာအတွင်း သေနတ် ပစ်ဖောက်ကာ ဝင်ရောက်လာသောကြောင့် ရိုးမစစ်ကြောင်း(၂) ခွဲ(၃)နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၈ နာရီ မှ နံနက် ၁၁ နာရီအချိန် အတွင်း တော်လှန်ရေး တပ်ဖွဲ့များမှ ဒရုန်းဖြင့်ဝေဟင် တိုက်ခိုက်ခဲ့ပြီး ​မြေပြင်ကပါ စစ်သားများ ဝင်ရောက် ခြေကုပ်ယူထားသည့် လှည်းလမ်းကူးဆေးရုံနှင့် အနီးပါတ်ဝန်းကျင်အိမ်များကိုလည်း အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၁၀ မိနစ်မှ စတင်ပြီး နံနက် ၁၁ နာရီ ၅၅ မိနစ် အချိန်ထိ အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ် ၁ စီးဖြင့် ၁၂ ကြိမ်တိတိလှည့်ပတ်လာရောက်စစ်ကူပစ်ခတ်ပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသူနှင့်ဒဏ်ရာရသူများကို ရဟတ်ယာဥ် ပစ်ကူယူ၍ ဆွဲထုတ်သွားပြီး ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကာ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး Mi-35 ရဟတ် ယာဉ်ဖြင့် ၇ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကာ ၎င်းတို့တပ်ဖွဲ့များကို ကယ်ထုတ်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း၌ ပိတ်မိနေသော စစ်သားများကို လေယဥ်ပစ်ကူ ပြန်သည်နှင့် တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် တိုက်ခိုက်ခဲ့ရာ တပ်သား ၃၀ ဝန်းကျင်ပါ စစ်ကြောင်းသည် လယ်ကွင်းများထဲသို့ ဆုတ်ခွာ ထွက်ပြေးသွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အနောက်မှ လိုက်လံ ပစ်ခတ်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသူများရှိခဲ့ပြီး အလောင်းများပါ ယူဆောင်သွား​ပြီး တိုက်ပွဲသည် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ် အတွင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ရိုးမစစ်ကြောင်း ၂ ခွဲ ၃ မှ ရဲဘော်နန်းဝေဦး သေနတ်ကျည် ထိမှန်ဒ ဏ်ရာဖြင့် ကျဆုံးခဲ့ရပြီး ကာကင်းရဲဘော် တစ်ဦး၊ KNLA ဒုစုမှူး ၁ ဦး၊ ရဲဘော် တစ်ဦးတို့ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article