32 C
Yangon

TNLA နှင့် MNDAA အကြား အောက်ခြေတွင် ပြဿနာများရှိပါက နှစ်ဖက်ခေါင်းဆောင်များ ချက် ချင်း တွေ့ဆုံ ဆွေးနွေးနိုင်ရေး လမ်းကြောင်း ဖွင့်ထားဟုဆို

Must read

ရန်ကုန်၊ မတ် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် MNDAA အကြား အောက်ခြေတွင် ပြဿနာများရှိပါက နှစ်ဖက်ခေါင်းဆောင်များ ချက်ချင်း တွေ့ဆုံ ဆွေးနွေးနိုင်ရေး လမ်းကြောင်း ဖွင့်ထားကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ လောက်ကိုင်မြို့တွင် TNLA နှင့် MNDAA တို့အကြား ဆွေးနွေးပွဲများပြီးဆုံးခဲ့ပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမှုရရှိခဲ့ကြောင်း၊ မဟာမိတ်များအဖြစ် ဆက်လက်ရပ်တည်ဆဲဖြစ်ကြောင်း၊ လက်ရှိ ကွတ်ခိုင်မြို့ကို MNDAA က အုပ်ချုပ်မည်ဖြစ်ပြီး တပ်နေရာချထားရေးကိစ္စများကိုလည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်တပ်များအကြား အောက်ခြေတွင် ပြဿနာများရှိလာပါက နှစ်ဖက်ခေါင်းဆောင်များ ချက်ချင်းတွေ့ဆုံနိုင်ရေး လမ်းကြောင်း ဖွင့်ထားကြောင်း သူက ရှင်းပြသည်။

“အပစ်အခတ်ရပ်စဲရေးသဘောတူတယ်။ မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်မယ်။ ကွတ်ခိုင်မြို့ကိုတော့ MNDAA က အုပ်ချုပ်သွားမယ်။ အခြားတပ်စခန်းနေရာတွေ ချထားဖို့လည်း ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်” ဟု လွေးယေဦးက ပြောဆိုသည်။

TNLA ၊ MNDAA နှင့် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး MNDAA ကဖမ်းဆီးထားသော TNLA ရဲဘော်များကိုလည်း ပြန်လည် လွှတ်ပေးရန် သဘောတူညီမှုရရှိထားကြောင်း သူက ရှင်းပြသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း MNDAA နှင့် TNLA အကြား နယ်မြေဆိုင်ရာပဋိပက္ခ များဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှစတင်ကာ MNDAA က TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်ခဲ့ကာ မတ်လ ၁၆ ရက်နေ့တွင် MNDAA က ကွတ်ခိုင်မြို့ အပါအ၀င်မြို့နယ် တစ်ဝန်းလုံးကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article