25 C
Yangon

တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လေတပ်နှင့် တပ်ရင်းတပ်ဖွဲ့များတွင် အေလာဆရာတော် နှင့်ဘုန်း ကြီးများ ပင့်ဖိတ်၍ အန္တရာယ်ကင်း ယတြာအစီအမံများ ပြုလုပ်ခိုင်း

Must read

တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လေတပ်နှင့် တပ်ရင်းတပ်ဖွဲ့များတွင် အေလာဆရာတော် နှင့်ဘုန်း ကြီးများ ပင့်ဖိတ်၍ အန္တရာယ်ကင်း ယတြာအစီအမံများ ပြုလုပ်ခိုင်း

ရန်ကုန်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လေတပ်နှင့် တပ်ရင်းတပ်ဖွဲ့များတွင် နေပြည်တော်မှ အေလာဆရာတော်နှင့်ဘုန်းကြီးများကို ပင့်ဖိတ် ၍ အန္တရာယ်ကင်း ပရိတ် တရား နာမှုများနှင့် ယတြာများ ပြုလုပ်ခိုင်းနေကြောင်း တပ်တွင်း သတင်း ရင်းမြစ် များက ပြောသည်။

ပဲခူးတိုင်းအတွင်းတပ်များတွင် တိုက်ပွဲများ ပြင်းထန်လာခြင်း၊ တပ်ရင်း တပ်ဖွဲ့ များ တိုက်ခိုက်ခံရခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှုများ များပြား လာ ကြောင်း၊ ယင်းအခြေအနေများကြောင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူ လေတပ်၊ တပ်ရင်းတပ်ဖွဲ့များတွင် အေလာဆရာတော်နှင့် သံဃာတော်များ ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခိုင်းခြင်း၊ ယတြာအစီအမံများကို ပြုလုပ်ခိုင်းခြင်းများကို ဇူလိုင်လ ၁၀ ရက်နေ့တွင် လုပ်ဆောင်ကြကြောင်း သိရှိရသည်။

“တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နဲ့ တောင်ငူ လေတ ပ် တွေမှာ မနေ့က နေပြည်တော် အေလာ ဆရာတော် ကြီး နဲ့ သံဃာ အဖွဲ့တွေ ပင့်ပြီး ရွတ်ဖတ် ပရိတ်နာ အဆောင်တွေ လုပ်တယ်။ တပ် ပြေးတွေများလာတာ၊ အကျ အဆုံး တွေများလာတာ၊ နောက်တစ်ခါ လေတပ်မှာလည်း လေယာဉ်နဲ့တိုက်လေယာဉ် ပစ်ချခံရမှာတွေ ကြောက်လို့ အန္တရာယ်ကင်း၊ ဘေးကင်း ပရိတ်တရားနာတာ၊ အဆောင်လက်ဖွဲ့တောင်းတာတွေ လုပ်ကြတယ်။ အေလာဆရာတော် က လော ကီ အစီအမံ နာမည် ကြီးတယ် ။ မနေ့က တောင်ငူလေတပ်နဲ့ တောင်ပိုင်း တိုင်း စစ်ဌာနချုပ်မှာ အေလာ ဆရာတော်က တစ်နေကုန် ရွတ်ဖတ်ရတော့ တောင်ငူ မြို့ထဲ ကပင့်ထားတဲ့ အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေဆီတောင် မကြွ နိုင်ဘူး” ဟု တပ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပြီး အဓိက တာဝန်မှာ ပဲခူးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသများနှင့် ၎င်းနှင့်ထိစပ် နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကတာဝန်ယူဆောင်ရွက်ရကြောင်း သိရှိရသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး၊ ဝန်ထမ်းတပ်များ၏ စစ်ရေးဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်း ဆောင် ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက် များကို ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရကြောင်း၊ လက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ထိန်ဝင်းဖြစ်ကြောင်း သိရှိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် KNLA နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုအလွန်မြင့်တက် လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်းဝင်းက ဘုန်းကြီးတစ်ပါးကို လှူဒါန်းမှုများလုပ်နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article