38 C
Yangon

မုံရွာမြို့နယ်၊ မအူကျေးရွာနောက်ကျောရှိ ကွမ်းခြံများနှင့် တောတဲများကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ

Must read

မုံရွာမြို့နယ်၊ မအူကျေးရွာနောက်ကျောရှိ ကွမ်းခြံများနှင့် တောတဲများကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေ

ရန်ကုန်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာနောက်ကျောရှိ ကွမ်းခြံများနှင့် တောတဲ များကို စစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မုံရွာပကဖ) ၏ ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၄ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်း၊ မအူဆီတန်းတံတားအနီးသို့ စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်လာပြီးနောက် ကျေးရွာရှိ ကွမ်းခြံများနှင့်တောတဲများကို ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ နေအိမ်များလည်း ပါနိုင်ကြောင်း သိရှိရ သည်။

“မုံရွာ မန္တလေးလမ်း မအူဆီတန်းတံတားနားက မိုင်းတွေရှင်းရင်း အကြောင်းမဲ့ ရှို့တာပါ။ မအူရွာခေါင်းရင်း ပါရမီကျောင်း နောက်ကျောရှိ ကွမ်းခြံ၊တောတဲ တွေကို အကြမ်းဖက် အယုတ်တမာ စစ်ခွေးတွေက မီးရှို့ ဖျက်ဆီးနေတာပါ။ အိမ်တချို့လည်းပါနိုင်ပါတယ်” ဟု ရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မုံရွာပကဖ) ၏ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အပါအဝင် မြို့နယ်များတွင် အကြမ်းဖက် စစ် ကောင် စီ တပ်များက စစ်ကြောင်းထိုး၍ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီး လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ယခုရက်ပိုင်း အတွင်း အရှိန်မြှင့်လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ပြောဆိုကြ သည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မအူကျေးရွာရှိ ကွမ်းခြံနှင့်တောတဲများကို စစ်တပ် က မီးရှို့နေမှုမြင်ကွင်း။

Photo- မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article