34 C
Yangon

စစ်ကောင်စီ တက်ခွင့် မရသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး စတင်၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးက အဓိက လွှမ်းမိုး နေမည်ဖြစ်သော်လည်း ပြည်သူများအတွက် မျှော်လင့်ချက် မဲ့နေဆဲ

Must read

စစ်ကောင်စီ တက်ခွင့် မရသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး စတင်၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးက အဓိက လွှမ်းမိုး နေမည်ဖြစ်သော်လည်း ပြည်သူများအတွက် မျှော်လင့်ချက် မဲ့နေဆဲ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် မြန်မာစစ်ကောင်စီ တက်ခွင့်မရသည့် ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံတွင် ယနေ့ စတင်ကျင်းပနေပြီဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးက အဓိက လွှမ်းမိုးနေမည်ဟု မျှော်လင့်ရပြီး အင်ဒိုနီးရှားက ၎င်း လုပ်ဆောင်နေသည့် မြန်မာ့အရေး သက်ဆိုင်သူအားလုံး နှင့် ထိတွေ့ဆက်ဆံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်ပြီး ကြုံတွေ့နေရသည့် အခြေအနေများကို တင်ပြမည်လည်းဖြစ်သည်။

အင်ဒိုနီးရှားအနေဖြင့် အာဆီယံဥက္ကဋ္ဌ စတင်ရယူချိန်ကတည်းက ကြိုးစားလုပ် ဆောင်နေသည့် တွေ့ဆုံမှုများ တိုးတက်မှု ရှိ၊ မရှိ အာဆီယံ ၉ နိုင်ငံကို အသေး စိတ် ချပြမည်လား၊ စစ်ကောင်စီက ပြည်သူကို အကြမ်းဖက် သတ်ဖြတ်မှုများ မရပ်တန့်‌သေးကြားမှ မည်သို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်မည်နည်းဆိုသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာ နေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံက မြန်မာ့အရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီကို ထိတွေ့ ဆက် ဆံရေး မူကို ကိုင်စွဲထားပြီး ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီး Don Pramudwinai က နေပြည်တော်သို့ နေ့ချင်းပြန်သွား ရောက် ခဲ့သေးသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံများအကြားတွင် သဘောထားကွဲလွဲမှုများ က ထင်ထင်ရှားရှားရှိနေရာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသည် အက်ကြောင်းကွဲလွဲမှုများကို ပို၍ ပေါ်လွင်စေမည်လားဆိုသည်မှာလည်း စိတ်ဝင်စားစရာဖြစ်သည်။

အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့သည် ဖိုရမ်သို့ မြန်မာတို့ ပါဝင်မှုကြောင့် ထိုင်းနိုင်ငံသို့ မတက်ရောက်ခဲ့ပေ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံတွင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သောကြာနေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။ NUG နှင့် စစ်ကောင်စီနိုင်ငံခြားရေး ၀န်ကြီးများနှင့် အကြိမ်ပေါင်းများစွာ လူကိုယ်တိုင် ထိတွေ့ဆက်ဆံမှုတွင် ပါဝင်ခဲ့ကြောင်း Marsudi က ပြောဆိုခဲ့သည်။

“ယခုအချိန်သည် ဆွေးနွေးပွဲများ ရှေ့ဆက်ရန် အချိန်ဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲကို အားပေးရမယ့်အချိန်ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က ဆိုသည်။

သို့သော်လည်း လက်ရှိအချိန်အထိ အာဆီယံအဖွဲ့ဝင်များအကြား သဘောတူညီခဲ့သော မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်မှာ တိုးတက်မှု ဟူ၍ ပြစရာမရှိသေးသည့်အချိန်လည်းဖြစ်သည်။

အာဆီယံနိုင်ငံအချို့က မြန်မာ့အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှား၏ “တိတ်ဆိတ်သော သံခင်းတမန်ခင်း” ဟူသော ချဉ်းကပ်မှုဖြင့် ချည်းကပ်နေခြင်းကို သံသယဖြစ်နေကြသည်။

အင်ဒိုနီးရှားအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရာတွင် မလေးရှားနှင့် စင်ကာပူကဲ့သို့သော စိတ်တူကိုယ်တူအဖွဲ့ဝင်များနှင့်အတူ ညှိနှိုင်းတိုင်ပင်၍ ဖြစ်ပေါ်တိုးတက်မှုများကို အတူတကွ ဖြေရှင်းကြရန်လည်း အာဆီယံနိုင်ငံတချို့က လိုလားကြသည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနှင့် နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေးပွဲများက ပုံမှန်အတိုင်း ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး မြန်မာ့အရေးမှာမူ ပေါ်လိုက် ပျောက်လိုက်ဖြင့် အချိန်ဆွဲ၍သာ ကုန်ဆုံးနေတော့သည်။

အာဆီယနိုင်ငံများ စားပွဲ၀ိုင်းပေါ် တလူလူလွင့်၍ မြန်မာ့အရေးဟူ အသံ ကောင်း ဟစ် ကြွေးကြော် ပြောဆိုဆွေးနေကြချိန် မြန်မာပြည်သူများက စစ်တပ်၏ သတ်ဖြတ်မှုများမှုကြောင့် နေ့စဉ် သေပွဲဝင်နေရဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article