26 C
Yangon

သထုံမြို့နယ်၊ ခမရ ၁ တပ်ရင်းသို့ အရာရှိကြီးတချို့ လာရောက်ချိန် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် တိုက်ခိုက်မှု အရာရှိ တချို့ ထိခိုက်မှုရှိနိုင်

Must read

သထုံမြို့နယ်၊ ခမရ ၁ တပ်ရင်းသို့ အရာရှိကြီးတချို့ လာရောက်ချိန် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် တိုက်ခိုက်မှု အရာရှိ တချို့ ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဇူလိုင် ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ ခြေမြန်တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၁ ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ခမရ ၁ တပ်ကို လူကြီးလမ်းကြောင်းရှိနေတဲ့ချိန် ဒရုန်းနဲ့ ၄၀ မမ AK ခွင်းဗုံး သွားရောက် ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက်ရှိပြီး အတိအကျမသိရသေးဘူး” ဟု သထုံမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့​ပြီး အရာရှိ တချို့ ထိခိုက်မှုရှိနိုင်ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

” မောင်းသူမဲ့လေယာဉ်တွေ စတင်တာဝန်ထမ်းဆောင်နေပါပြီ။ မြဝတီမြို့ရှိ ၂၇၅ ထဲကိုမှာ အရာရှိ ၂ ဦး ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းကြားရပါတယ် ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article