34 C
Yangon

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နှင့် ကြို့သုံးပင်ရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦး သေဆုံး

Must read

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နှင့် ကြို့သုံးပင်ရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန် ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နှင့် ကြို့သုံးပင်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် တောင်ဖီလာ ရပ်ကွက်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး လက်နက်ကြီးထိမှန်ကာ နေအိမ်အတွင်းရှိ မောင်နှမ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အစ်မ ဖြစ်သူမှာ လည်ပင်းကို ကျည်ဆထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မောင်ဖြစ်သူမှာ ရင်ဘတ် ကျည်ဆထိမှန် ဒဏ်ရာနှင့် အရေးပေါ် ဆေးရုံတင်ကုသနေရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

“တောင်ဖလာရပ်ကွက်ကျတဲ့ တစ်လုံးက တစ်ယောက် သေတယ်။ မောင်နှမတွေ အသက် ၅၀ ကျော်ပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးသည် ကြို့သုံးပင်ရပ်ကွက်ရှိ ဆေးခန်းဘေးကို ထပ်မံ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆေးခန်းအပါအဝင် ဆိုင်ကယ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“တောင်ပေါ်သိုင်းငင်းကို ထုတာ လက်နက်ကြီးက ။ ကြို့သုံးပင်ကျတဲ့ဟာက လူထိခိုက်မရှိဘူး “ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

တီးတိန်မြိုန့ယ် စီးယင်းဒေသ သိုင်းငင်းကျေးရွာအတွင်းရှိ စစ်ကောင်စီ၏ ကင်းစခန်းကို တော်လှန်ရေးအဖွဲ့များက ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် တိုက်ခိုက်စီးနင်းခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ သိုင်းငင်းဘက်သို့ လက်နက်ကြီးများ ပစ်ကူခဲ့ကြောင်း၊ သိုင်းငင်း ကင်းစခန်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှာ အမြောက်အမြားသေဆုံး၍ လက်နက်ခဲယမ်းများကို တော်လှန်ရေးအဖွဲ့များဘက်မှ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article