ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ၁ နာရီခွဲနီးပါးကြာ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများကို အသေးစိတ် မသိရှိဟု အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း သတင်းထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၃
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ၁ နာရီခွဲကြာ တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုတွင် ဆွေးနွေးသည့် အကြောင်းအရာများကို မသိရှိကြောင်း အကြမ်း ဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ ၁ နာရီခွဲအကြာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်ဦးတည်း သီးသန့်တွေ့ဆုံခြင်းဖြစ် ကြောင်း၊ တွေ့ဆုံသည့် အကြောင်းအရာများကို မသိရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။
“Four Eyes နှစ်ယောက်ချင်းတွေ့ဆုံတာဖြစ်ပါတယ်။ တွေ့ဆုံချိန်ကတော့ ၁ နာရီခွဲ နီးပါးလောက် ကြာမြင့်ပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးအနေနဲ့လည်း ဆွေးနွေးချင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ Four Eyes နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာ ဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ အသေးစိတ် ကျနော်တို့ မသိရှိပါဘူး” ဟု အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။
အကြမ်းဖက် ဇော်မင်းထွန်းက မျက်ဝါးထင်ထင် တွေ့မြင်ချက်များအရ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေး ကောင်းမွန်သည်ဟု ထုတ်ဖော်ပြော ဆိုထားသည်။