26 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုတွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်

Must read

ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုတွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တောင်ကြာအင်းရဲစခန်း၊ အထက ကျောင်းနှင့် လက်နက်ကြီးကုန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၂ ရက် နေ့လည် ၁၁ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက် မှုကြောင့် ပြန်ဆုတ်သွားသော အကြမ်းဖက်စစ်ကြောင်းနှင့် ဗောဓိကုန်းလက်နက်ကြီးတပ်စခန်းကို နေ့ လည် ၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ဘာအံမြို့အမြောက်တပ်မှ ပြောင်းရွှေ့လာသော တပ်ကြပ်ကြီး ဝင်းလှိုင်နှင့် တပ်သား မြတ်လေးတို့ သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ဘားအံဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကျားဖြူစစ်ကြောင်း တပ်ရင်းရုံး တပ်ခွဲ၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle -PDF)၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅ (Justice Soldier -PDF) တို့မှပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ သော်လည်း ဒရုန်းပစ္စည်းအချို့ ပျက်ဆီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၂ ရက် ည ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် အထက ကျောင်း၌ တပ်စွဲထားသော အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျားဖြူတပ်ခွဲ ၃ မှ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့တပ်စွဲထားရာနေရာများ၊ စခန်းများ၊ ၄င်းတို့နှင့်ပတ်သက်ရာနေရာများတွင် အချိန် မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်စခန်းများနှင့် အ နည်းဆုံး မီတာ ၃၀၀ အကွာ၌ နေထိုင်ကြပါရန် ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သတိပေးထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲပျူစောထီးရွာနှင့် ဆင်ချောင်းပျူစောထီးရွာ ၂ ရွာကြားတွင် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ဇူလိုင်လ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်က ဆင်မရဲပျူစောထီးရွာမှ ဆင်ချောင်းပျူစောထီးရွာသို့ ဆိုင်ကယ် ၃ စီးဖြင့်လာသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၇ ဦးကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတို်ကခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့စိုးမိုးနယ်မြေဆိုတော့ ဆိုင်ကယ်တွေ သူတို့စီးချင်သလို စီးနေကြတဲ့ ပျူစောထီးတွေ၊ လက်နက် တွေလဲပါတယ်၊ မိုင်းဆွဲပြီးတဲ့အချိန်မှာတော့ တောက်လျှောက်မောင်းပြေးတာ၊ ၄ ယောက်ကတော့ တော် တော်ဆိုးဆိုးဝါးဝါးဒဏ်ရာရတယ်လို့ သိရတယ်၊ နားစည်တွေကွဲထွက်တဲ့အထိကို အပြင်းအထန်ဒဏ်ရာ တယ်လို့ သိရပါတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article