28 C
Yangon

ထားဝယ်မြို့နှင့် တစ်မိုင်ဝန်းကျင်အကွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့

Must read

ထားဝယ်မြို့နှင့် တစ်မိုင်ဝန်းကျင်အကွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့

ရန်ကုန်၊ ဇူလိုင် ၁၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့ မြစ်တစ်ဖက်ကမ်း တစ်မိုင်ဝန်းကျင်သာအကွာအဝေးရှိတဲ့ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာတဝိုက်မှာ ဒီနေ့နေ့လယ်ပိုင်း နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ် လို့ဒေသခံတွေက‌ ပြောပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ပေါက်ကွဲသံတွေလည်းအများအပြားထွက်ပေါ်နေတယ်လို့ သိရပါတယ်။

“ထားဝယ်မြို့ပေါ်ကအထိပါ ဟိန်းနေတာ။ ပေါက်ကွဲသံတွေလည်း ၆ ချက်လောက်လောက်ရှိပြီ။ လွန်ခဲ့တဲ့နာရီဝက်လောက်အထိကြားနေတုန်းပဲ” လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၂ ရက်နေ့ မနက်ပိုင်းကတည်းက နခံတောရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာထဲကတောင်ပေါ်မှာ အခြေချပြီးလက်နက်ကြီးတွေပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာနဲ့ လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် နခံတောရွာ၊ ခမောင်းတောင်ရွာနဲ့ တောင်မင်းပြောင်ရွာတွေက ဒေသခံတွေ နေအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article