30 C
Yangon

နမ့်ဆန်ယာန်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား၊ ရေစကြိုမြို့နယ်ရှိ ဖူလုံတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

နမ့်ဆန်ယာန်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား၊ ရေစကြိုမြို့နယ်ရှိ ဖူလုံတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ နမ့်ဆန်ယာန်ရွာကို စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်မှစ၍ ဗန်းမော်-ဒေါ့ဖုန်ယာန် မှ လိုင်ဇာမြို့အနီးရှိ နမ့်ဆန်ယာန်ရွာကို စစ်ကူပေးရန် ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆ တပ်ရင်း၊ ခလရ ၇၇ တပ်ရင်းတို့နှင့် ကချင်လွတ်​မြောက်​​ရေး တပ်မ​တော် KIA တပ်မဟာ ၅၊အမှတ် ၂၄ တပ်ရင်း တပ်ဖွဲ့များက ခလားကုန်းဆင်းလမ်း​ထောင့် တစ်​နေရာ၌ အသင့်​စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးခန့် သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း၊ ရိက္ခာ အများအပြားကို သိမ်းဆည်းရမိ​ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဖူလုံတပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Middle Revolution Task Force (MRTF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ဖူလုံတပ်အတွင်းကို Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF) မှ ဦးဆောင်ပြီး သံမဏိ သိန်းဌက်အဖွဲ့၊ သံမဏိ လိပ်ပြာ၊ လျှပ်စီးပျောက်ကြား၊ Shwe Darr Boနှင့် Myaing Revolution Team (MRT) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article