24 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဟုဆိုကာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်ကို သံသယရှိကြောင်း NLD ထုတ်ပြန်

Must read

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဟုဆိုကာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်ကို သံသယရှိကြောင်း NLD ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၄

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဟုဆိုကာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်များကို သံသယရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက မတရား ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၉ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ၏ သဘောတူညီချက်ရယူကာ သွားရောက်တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့​သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင် ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြား နိုင်သောအခြေအနေ မဟုတ်သည့် အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် ကျွန်ုပ်တို့ သံသယရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများဖြစ်သော “ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမ အနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်” ၊ “ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသ‌‌ဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ” စသည့် အချက်များနှင့်လည်း ကွဲလွဲနေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထောက်ပြ​ ပြောဆိုထားသည်။

အာဆီယံ ခေါင်းဆောင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင် သင့်ပါကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article