Khit Thit သတင်းဌာန၏ ဇူလိုင် ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အများပြည်သူအဆောက် အအုံတွေကို ဖျက်ဆီးမှု အပါအဝင် အကြမ်းဖက်မှုတွေကို အာဆီယံက ထပ်မံ ရှုတ်ချလိုက်ပြန်ပါတယ်။
– မြန်မာနိုင်ငံက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဥရောပသမဂ္ဂကနေ အသိအမှတ် မပြုတဲ့ အတွက် အာဆီယံ- အီးယူ ဆက်ဆံရေးဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးမှူး တာဝန်ကို ၂၀၂၄ ခုနှစ်မှာ မြန်မာ နိုင်ငံက အလှည့်ကျ ရယူမယ့် အပေါ် ကန့်ကွက်တယ်လို့ ဥရောပသမဂ္ဂ ထိပ်တန်းသံတမန် က ပြောဆို လိုက်ပါတယ်။
– ကချင်ပြည်နယ်၊ လိုင်ဇာမြို့-အနီးမှာရှိတဲ့ နမ့်ဆန်ယာန်ကျေးရွာအနီး စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ် စစ်ကြောင်းကို KIA တပ်ဖွဲ့ကနေ ကြားဖြတ် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးသူများပြီး ၊ စုစုပေါင်း အယောက် ၄၀ ဝန်းကျင် သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။