24 C
Yangon

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို We Are Karenni အဖွဲ့သားများမှ ရိက္ခာများ လှူဒါန်း

Must read

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို We Are Karenni အဖွဲ့သားများမှ ရိက္ခာများ လှူဒါန်း

ရန်ကုန်၊ ဇူလိုင် ၁၄

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှာင်စခန်းတစ်ခုသို့ ရောက်ရှိနေ သော ပြည်သူများကို We Are Karenni အဖွဲ့သားများမှ စားနပ်ရိက္ခာများသွား ရောက် လှူဒါန်းခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၈ စု၊ လူ ဦးရေ ၁၂၄ ဦးရှိပြီး လူတစ်ဦးလျှင် ဆန်တစ် ပြည်၊ အိမ် ထောင်စု တစ်စုလျှင် ဆီတစ်ဗူး၊ ဆားတစ်ထုပ်၊ ငါးသေတ္တာ ၃ ဗူး လှူဒါန်းပေးနိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း ရှေ့တန်းရောက်ရဲဘော်များထံသို့ ရိက္ခာခြောက်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“အလှူရှင်တွေက တစ်လ တစ်ခေါက်တောင် မရောက်နိုင်တဲ့ ဒေသဖြစ်လို့ အခုလို မိုးရာသီမှာ ကိုယ်တိုင် ရှာဖွေစားသောက်နေထိုင်ရတာ အခက်အခဲတွေ အများကြီးဖြစ်နေတယ်၊ ကမ်းပိန်းကလည်း Target မပြည့်သေးပဲ တဝက်ပဲရသေးလို့ ထပ်မံပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်၊ ကမ်ပိန်းက မျှော် မှန်း ထားတဲ့တဝက်မှာရပ်နေလို့ပါ” ဟု We Are Karenni အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article