25 C
Yangon

တန့်ဆည်မြို့နယ်၊ သပြေရင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသောကြောင့် Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

Must read

တန့်ဆည်မြို့နယ်၊ သပြေရင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသောကြောင့် Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သပြေရင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြာသောကြောင့် Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်မှစ၍ သပြေရင်းရွာ‌အနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ ၁ နာရီခွဲခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ အထိနာကာ ထိခိုက် သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး ထွက်ပေါက် ပိတ်နေပြီး လမ်း‌ကြောင်းရှင်းသည့် အနေဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖ​ြစ်နိုင်ကြောင်း သိရှိရသည်။

“သပြေရင်းတောရကျောင်းနားမှာ သူတို့တပ်စွဲထားတာကို မနက်အစောပိုင်းမှာ ညှပ်ပြီး တိုက်လိုက်တာ။ သူတို့ဘက်ကအကျအဆုံးများတယ်။ အဲ့ဒါနဲ့ ထွက်ပေါက်ပိတ်လို့ လေကြောင်းအကူနဲ့ပစ်တာ။ တိုက်ပွဲမှာ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရပါတယ်၊ မစိုးရိမ်ရဘူး။ လေကြောင်းပစ်လို့တော့ မထိပါဘူး” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်တွင် တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၂)၊ တပ်ရင်း(၂၅) ပူး‌ပေါင်းရွေ့လျားတပ်ဖွဲ့၊ တပ်ရင်း(၂၆)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article