36 C
Yangon

ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ ဈေးတန်းနှင့်နေအိမ်များကို စစ်တပ်၊ ရဲ ပူးပေါင်းအဖွဲ့က ညဉ့်နက်သန်း ခေါင် အချိန် ဝင်ရောက်မီးရှို့ဖျက်ဆီး

Must read

ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ ဈေးတန်းနှင့်နေအိမ်များကို စစ်တပ်၊ ရဲ ပူးပေါင်းအဖွဲ့က ညဉ့်နက်သန်း ခေါင် အချိန် ဝင်ရောက်မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာရှိ ဈေးတန်းနှင့်အနီးပတ်ဝန်းကျင်နေအိမ်များကို အကြမ်းဖက်စစ်တပ်၊ ရဲပူးပေါင်းအဖွဲ့မှ ညဉ့်နက်သန်းခေါင်အချိန် ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လိုက်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force)မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် ည သန်းခေါင်အချိန်တွင် ရှိန်းမကားရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲများ က ရှိန်းမကားဈေးတန်းအတွင်းသို့ စက်သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ကာ ဈေးဆိုင်ခန်း၊ နေအိမ် စုစုပေါင်း ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ဈေးနှင့် ရှိန်းမကားရဲစခန်းနီးကပ်စွာ တည်ရှိပြီး မီးရှို့ဖျက်ဆီးပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများမှာ စခန်းအတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

“မနေ့ညက ည ၁၂ နာရီ ၁၅ လောက်မှာ ရှိန်းမကားဈေးတန်းနဲ့ ဈေးတန်းနားက အုတ်တိုက်တွေရောကို ထုချိုးဖျက်ဆီးပြီးတော့ မီးရှို့သွားတာ၊ သူတို့က အရင်ဆုံးစက်လက်တွေနဲ့ဆွဲပြီးတော့ လာပြီးမီးရှို့သွား တာ၊ ဆိုင် ၂ ဆိုင်လောက်ပဲကျန်တော့တာ၊ အကုန်လုံးပြာကျသွားပြီ၊ ရှိမ်းမကားဈေးဆိုတာ ဈေးအကြီး တော့မဟုတ်ဘူး၊ စုစုပေါင်း ဆိုင် ၂၀ လို့ပြောတယ်၊ ဈေးထဲမှာလည်း အုတ်တိုက်လေးတွေ နှစ်လုံးသုံး လုံးရှိတယ်၊ ဈေးဆိုင်ဘေးနားက လူနေအိမ် အုတ်တိုက် နှစ်လုံးသုံးလုံးပါ တူတွေနဲ့ထုပြီး မီးရှို့သွားတာ” ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force)မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အသစ်ရောက်ရှိလာသော ရှိန်းမကားရဲစခန်းမှူးမှာ မတ္တရာမြို့နယ်၊ ထုံးကြီးဘက်မှ ပြောင်းရွှေ့လာ သူဖြစ်ပြီးရဲစခန်းအတွင်း အကြမ်းဖက်စစ်သား၊ ရဲအင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားကြောင်း၊ ရှိန်းမကား ကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိကာ မော်တော်ဆိပ်ကမ်းပါရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်း၊ ရဲစခန်းအတွက် စစ်ကူများကို ရွာသာရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကြောင်းမှ စစ်သားနှင့်ပျူစောထီးများကို ခေါ်ယူကြောင်း သိရှိရသည်။

“ပြည်သူတွေထိခိုက်တာ၊ ဖမ်းဆီးတာမျိုးတော့ မကြားရသေးဘူး၊ အခုလက်ရှိကတော့ ပြည်သူတွေက သူ့ဈေးဆိုင်ကိုယ့်ဈေးဆိုင်သွားကြည့်နေကြတယ်၊ ရဲစခန်းထဲကခွေးတွေက နေ့လယ်နေ့ခင်းဆိုမထွက်ရဲ ဘူး၊ ညကျမှပဲ လက်နက်အားကိုးနဲ့ ငါးကြင်းမြီးနဲ့ရမ်းပြီးတော့ လာရှို့သွားတာ၊” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force)မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article