27 C
Yangon

ရန်ကုန်- သထုံ- ဘားအံ လမ်းပိုင်းရှိ အမှတ် ၁/၁၃ တံတား ဖျက်ဆီးခံရမှုသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် မသက်ဆိုင်ကြောင်း သထုံခရိုင် တပ်မဟာ ၁ ပြောဆို

Must read

ရန်ကုန်- သထုံ- ဘားအံ လမ်းပိုင်းရှိ အမှတ် ၁/၁၃ တံတား ဖျက်ဆီးခံရမှုသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် မသက်ဆိုင်ကြောင်း သထုံခရိုင် တပ်မဟာ ၁ ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်- သထုံ- ဘားအံ လမ်းပိုင်းရှိ အမှတ် ၁/၁၃ တံတား ဖျက်ဆီးခံရမှုသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် မသက်ဆိုင်ကြောင်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု သထုံခရိုင်၊ တပ်မဟာ ၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရသည် အမှတ် ၁/၁၃ တံတားကို အကြမ်းဖက် စစ်တပ်အနေဖြင့် ဘားအံမြို့နယ် ပြည်သူများနှင့် တော်လှန်ရေးသမားများအကြား နားလည်မှုလွဲစေရန်၊ တံတားပြန်ပြင်၍ နာမည်ကောင်းရစေရန်၊ လုံခြုံရေးအကြောင်းပြကာ စစ်အင်အားတိုးချဲ့ရန် စသည့် ရည်ရွယ်ချက်များနှင့် တံတားကို တစ်ဖက်လှည့်ဖြင့် အကြမ်းဖက် စစ်တပ်က ၎င်းတို့ ကိုယ်တိုင် ဖျက်ဆီးခြင်းသာ ဖြစ်နိုင်ကြောင်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု သထုံခရိုင်၊ တပ်မဟာ ၁ က ပြည်သူများထံ အသိပေး ရှင်းလင်းချက် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ အမှတ် ၁/၁၃ တံတား ဖျက်ဆီးခံရမှုသည် နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများဘက်မှ ဖောက်ခွဲသယောင် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တံတား ဖောက်ခွဲခံရသည့် နယ်မြေသည် အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု သထုံခရိုင်၊ တပ်မဟာ ၁ ၏ လှုပ်ရှားနယ်မြေဖြစ်သော်လည်း တပ်ပေါင်းစုအနေနှင့် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင်အများပြည်သူဆိုင်ရာမူဝါဒများ ချမှတ်ထားရှိပြီး ပြည်သူအများထိခိုက်နစ်နာမှုမရှိစေရေး အထူးဂရုပြုနေသည်ကို ပြည်သူသို့ လေးစားစွာဖြင့် အသိပေးရှင်းလင်းကြောင်း သထုံခရိုင်၊တပ်မဟာ(၁) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု သထုံခရိုင်၊တပ်မဟာ ၁ အနေနှင့် ယခင်က ဒုံသမိတံတား (ဒူးရင်းဆိပ်) စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ဖူးပြီး တံတားကို လုံခြုံရေး အကြောင်းပြ၍ ခရီးသွားပြည်သူများထံမှ ငွေကြေးကောက်ခံနေသည်ဟု တိုင်ကြားချက်အရ အကြမ်းဖက် စစ်တပ် အဖွဲ့ဝင်များကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ရှင်းလင်းရေးလုပ်ဆောင်ရာတွင် ခရီးသွားပြည်သူများနှင့် ယာဉ်များအပါအဝင် တံတားကို မပျက်စီး မထိခိုက်စေရေး အထူးဂရုပြုဆောင်ရွက်ခဲ့ပြီး တံတားကို ၁ နာရီကျော်ကြာထိန်းသိမ်းခဲ့သော်လည်း ဖျက်ဆီးမှု မပြုခဲ့သည်ကို ခိုင်လုံသည့် သက်သေအဖြစ် တင်ပြရှင်းလင်းကြောင်းလည်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု သထုံခရိုင်၊တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်တပ်အနေနှင့် ‌နယ်မြေခံ တော်လှန်ရေးအဖွဲ့များက အမှတ် ၁/၁၃ တံတား ဖျက်ဆီး သယောင် ဝါဒဖြန့်ချိနေသော်လည်း ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်များအတွင်း ကျေးလက်ဒေသခံများ အဓိက အသုံးပြုနေသည့် လမ်း၊ တံတအားများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး၍ ပြည်သူများကို အခက်အခဲတွေ့စေသည်မှာ အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များပင် ဖြစ်ကြောင်းလည်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု သထုံခရိုင်၊တပ်မဟာ ၁ မှ တာဝန်ရှိသူက ပြောကြားသည်။

တံတားကို ‌အကြောင်းပြ၍ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်အင်အားတိုးချဲ့မှုများ ဆောင်ရွက်လာပါက ‌တော်လှန်ရေး တပ်ပေါင်းစုဘက်မှ စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်မည်ဖြစ်၍ ခရီးသွားပြည်သူများ ဆင်ခြင်သွားလာကြရန်လေးနက်စွာ မေတ္တာရပ်ခံကြောင်း အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု သထုံခရိုင်၊တပ်မဟာ ၁ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article