37 C
Yangon

ချောင်းဦးတွင် အမျိုးသား ၂ ဦး ဆိုင်ကယ်စီးသည်ဟု ဆိုကာ စစ်တပ်က ဖမ်းဆီး ပစ်သတ်မှု ပြည်သူ ၂ ဦး သေဆုံး

Must read

ချောင်းဦးတွင် အမျိုးသား ၂ ဦး ဆိုင်ကယ်စီးသည်ဟု ဆိုကာ စစ်တပ်က ဖမ်းဆီး ပစ်သတ်မှု ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွာသာအေးရွာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အမျိုးသား ၂ ဦး ဆိုင်ကယ်စီးသည်ဟု ဆိုကာ စစ်တပ်က ဖမ်းဆီး ပစ်သတ်မှု ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း မုံရွာ မြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီခန့်က ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံမှ အင်အား ၂၀ ခန့်ဖြင့် မြောက်ဘက်သို့ ဦးတည်ထွက်လာသော အကြမ်းဖက်စစ်သားများသည် ရွာသာအေးရွာ သို့ ရောက်ရှိချိန် ဆိုင်ကယ်တစ်စီး လူနှစ်ဦးစီးကာ လက်ဖက်ရည်ဆိုင်မှ ထွက်လာသော အမျိုးသား ၂ ဦးကို လယ်ကွင်းထဲ သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်သတ်ထားကြောင်း သိရသည်။

“သတ်ခံရတဲ့ရွာသားနှစ်ဦးက ရွာသာအေးရွာသားလား၊ တခြားရွာသားလားဆိုတာ မသိရသေးဘူးပါဘူး ဗျ၊ ကျနော်တို့တင်ထားတဲ့အတိုင်းပါပဲ သိရသေးပါတယ်၊ သတ်ပစ်ခဲ့တဲ့လောင်းတွေကိုဘယ်လို စီစဉ်ထား တယ်ဆိုတာလဲ မသိရသေးပါဘူး” ဟု မုံရွာ မြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article