26 C
Yangon

တန့်ဆည်တွင် အင်အား ၁၃၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို PDF ပူးပေါင်းတပ်များတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ထက်မနည်းသေဆုံး

Must read

တန့်ဆည်တွင် အင်အား ၁၃၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို PDF ပူးပေါင်းတပ်များတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ထက်မနည်းသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးကာ ၉ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း တန့်ဆည် တော်လှန်ရေးရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တန့်ဆည်မြို့၊ ကံထူးမရဲစခန်းမှ ထွက်ခွာလာသော အင်အား ၁၃၀ ကျော် ပါ ခမရ-၃၆၁ စစ်ကောင်စီ စစ်ကြောင်းကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ချောင်းဦးရွာလမ်းခွဲအနီးသို့ ရောက်လာသော စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ ယမန်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ်မှ မွန်းတည့် ၁၂နာရီအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းမှာ အထိနာသဖြင့် တန့်ဆည်မြို့ဘက်သို့ အလျင်အမြန် ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း ရှေ့တန်းရဲဘော်က ပြောသည်။

“မီတာ၁၀၀ အကွာအဝေးထဲမှာ ယှဉ်ပစ်တာပါ။ တစ်နာရီကျော်ကြာလာတော့ သူတို့ဘက်က ၃၀ လောက်ကျတယ်။ အထိနာပြီး တန့်ဆည်မြို့ဘက်ကို ဆုတ်ပြေးတာ။ မြို့ဘက်ကနေလည်း အင် အား၂၀ လောက် လာကြိုတယ်။ အလောင်းတွေကိုတော့ တန့်ဆည်မြို့အဝင်နားမှာ မီးရှို့ထားခဲ့တာ။ ကျနော်တို့ဘက်ကတော့ ရဲဘော်တစ်ဦး လက်နက်ကြီးမှန်တာ ဒဏ်ရာက မစိုးရိမ်ရပါဘူး” ဟု ပြောသည်။

တန့်ဆည်မြို့ထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်လာချိန်တွင် စစ်ကြောင်းကိုထွက်ကြိုသော စစ်ကောင် စီ တပ်သား ၂၀ ဦး ခန့်၊ စစ်တပ်စစ်ကြောင်းတွင် အင်အား ၇၂ ဦးခန့် နှင့် အထမ်း ဖြင့်လိုက်ပါလာသော ဒဏ်ရာရစစ်သား ၉ ဦး တွေ့ ရှိရကြောင်း၊ မြို့ပေါ်မှ ထွက်ခွာလာစဉ်က စစ်တပ်စစ်ကြောင်းမှာ အင်အား ၁၃၀ကျော်ပါရှိခဲ့သော်လည်း ၃၀ ကျော်သေဆုံးခဲ့သဖြင့် အင်အားလျော့သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

စစ်တပ်စစ်ကြောင်းကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၂)၊ တပ်ရင်း ၂၅ ၊ အထူး‌ရွေ့လျားတပ်ဖွဲ့၊ တပ်ရင်း ၂၆ ၊ KPK၊ TSR၊ PLAနှင့် မြို့နယ်ပကဖအဖွဲ့တို့ က ပူးပေါင်းတိုက်ခိုက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article