28 C
Yangon

မြ၀တီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သံများဖြင့် တောက် လျှောက်ပစ်ခတ်နေ

Must read

မြ၀တီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သံများဖြင့် တောက် လျှောက်ပစ်ခတ်နေ
ရန်ကုန်၊ ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ညပိုင်း လက်နက်ကြီးပစ်ခတ်သံများဖြင့် တောက်လျှောက် ပစ်ခတ်နေကြောင်း မြ၀တီမြို့ခံ ပြည်သူများက ပြောဆိုသည်။
ယနေ့ည ၉ နာရီခွဲမှစတင်၍ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နခြေင်းဖြစ်ပြီး လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရကြောင်း၊ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်းတွင်ပင် လက်နက်ကြီးသံများ ကြားရပြီး ပေါက်ကွဲမှုကြောင့် မြေတုန်ခါမှုများ ခံစားရသည်ဟု မဲဆောက်ရောက် မြန်မာတချို့က ဆိုကြသည်။
“ဒီနေ့ ည ၉နာရီ ခွဲလောက်မှာ ကရင်ပြည်နယ်မြဝတီ မြို့ အစွန်အဖျားနေရာ ၄နာ ရာကို တိုက်ပွဲမရှိဘဲ အလုံးကြီးတွေ ပစ်ခတ်နေပါတယ်။ ဒီနေ့က ခါထိုင်း ထပ်ပိုထူးခြားပါတယ်။ ပစ်ခတ်နေတာက ၄ နေရာလောက်ထင်ပါတယ် မြဝတီ မြို့ ၂၇၅ တပ်ကလည်းပစ်နေပါတယ် ။၂၇၅ တပ်ကတော့ မဲကနယ်ကျေးရွာဘက်နှင့် တံတားဘက်ကို ပစ်နေပါတယ်။ ၁၂၀ မမ တွေနဲ့ပစ်နေတာ။ ကျန် ၃ နေရာက တော့ ကျောက်လုံးကြီး ဘုန်းကြီး ကျောင်း ဘက် က စစ်တပ် စခန်းကုန်း ကနေလည်း ကျောက်တောင်ဘက်ကို ပစ်နေပါတယ်။ ကျန် ၂ နေရာက တော့ ထိုင်တော်မူ စစ်တပ်စခန်းကနေ ကျောက်တောင်ဒေသ ဘက်ကိုပစ်နေပါတယ်။ လက်ခတ်တောင် ဒေသ ဘက်က တောင်ကြောကိုလည်းပစ်နေပါတယ်။ အသံတွေက ၄ နေရာလောက်ကြားနေရပါတယ် ပစ်တဲ့ နေရာကတော့ မြဝတီ မြို့ကနေ ခါတိုင်းလို မဟုတ်ဘဲ နေရာအနှံ့က ကြားနေရပါတယ်။ မြေကြီးတွေဆိုတာ မြ၀တီတင်မဟုတ်ဘူး မဲဆောက်ဘက်ခြမ်းတောင် တုန်နေတယ်။ ၁ မိနစ်ကို ၁၀လုံးလောက်ပစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် စစ်တပ်က လက်နက်ကြီး အလုံး ၉၀ ကျော်ပစ်ခတ်ပြီးဖြစ်ကြောင်း၊ ဒေသပြည်သူများမှာ စစ်တပ် လက်နက်ကြီးများ ကျရောက်လာမည်ကို စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ညပိုင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article