22 C
Yangon

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေး အဖွဲ့အစည်းများ အကြား သွေးခွဲ၍မရကြောင်း NUG အစိုးရက တရားဝင် ထုတ်ပြန်ပြောဆို

Must read

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေး အဖွဲ့အစည်းများ အကြား သွေးခွဲ၍မရကြောင်း NUG အစိုးရက တရားဝင် ထုတ်ပြန်ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၇

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန် ရေး အဖွဲ့တွေအကြား သွေးခွဲ၍ မရကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက တရားဝင် ထုတ်ပြန်​ ပြောဆိုသည်။

အဆိုပါ ပြောကြားချက်ကို ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြခြင်း အစီအစဥ်တွင် NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်တွင် စစ်ရေးအရ မရှုမလှရှုံးနိမ့်နေပြီး ၎င်းတို့၏ ထုံးစံအတိုင်း တိုင်းရင်းသား ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအကြား၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်သူလူထုကြား၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ အကြား သဘောထားကွဲစေရန်ပြုလုပ်လာကြောင်း၊ နွေဦးတော်လှန်ရေးသည် တစ်စုံတစ်ယောက် အတွက် တော်လှန်ရေးမဟုတ်ဘဲ ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို လက်နက်အားကိုး ဖြင့် မတရားသိမ်းပိုက်သွားသဖြင့် ပြည်သူလူထုတစ်ရပ်လုံးက တွန်းလှန်နေသည့် ပြည်သူ့တော်လှန်ရေး ဖြစ်ကြောင်း ဦးမောင်မောင်ဆွေက ပြောကြားသည်။

“အာဏာရှင်တွေရဲ့လက်ဟောင်းအတိုင်း၊ သူတို့ဆောက်တည်ရာမရတော့ဘူးဆိုရင်ကြံရာမရ စကစ က သူတို့ရဲ့လုပ်ထုံး လုပ်နည်းအတိုင်းပဲ အောက်လမ်းနည်းတွေနဲ့ မဟုတ်မတရား၊ ရန်တိုက်ပေးတဲ့ လုပ်ငန်း တွေ ကို သွေးခွဲသပ်သျှိုပေးတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူတွေကို ထပ်ပြီးတော့ တင်ပြချင်ပါတယ်၊ ပြည်သူဦးဆောင်တဲ့တော်လှန်ရေးမှာ ပြည်သူ့ရဲ့ ဆန္ဒသည်နိုင်ငံတော် အ တိုင် ပင်ခံပုဂ္ဂိုလ်ရဲ့ဆန္ဒ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆန္ဒသည် ပြည်သူ့ ဆန္ဒဖြစ်တဲ့အတွက် တော်လှန်ရေး အင်အားစုတွေအကြား၊ ကျနော်တို့ညီအစ်ကိုမောင်နှမတွေအကြားမှာ သွေးကွဲစရာ လုံးဝမရှိပါဘူး။ မရှိ ဘူးလို့ သိရတဲ့အတွက်ကြောင့်လည်း အင်မတန်ဝမ်းမြောက်ဂုဏ်ယူကြောင်းလည်း ထပ်လောင်း ပြီး တော့ ပြောကြားချင်ပါတယ်၊” ဟု ဦးမောင်မောင်ဆွေက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ကြံရာမရဖြစ်ကာ သွေးပျက်လာသဖြင့် မတရားဖမ်းဆီး အကျဉ်းချ ထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလာခြင်းဖြစ်သည်ဟု ဆို သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်သည် ရှင်းလင်းကြောင်း၊ ဒီမိုက ရေစီ အစိုးရ၏ အင်အားသည် ပြည်သူဖြစ်ပြီး ပြည်သူ့၏ အင်အားသည်လည်း ဒီမိုကရေစီ အစိုးရဖြစ် ကြောင်း၊ ပြည်သူ့ဆန္ဒနှင့် အညီလုပ်ကိုင်ဆောင်ရွက်ခြင်းသည်သာလျှင် ဒီမိုကရေစီအစိုးရဖြစ်သည်ကို အမြဲပြောဆိုဆုံးမကာ ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသူဖြစ်ကြောင်း ဦးမောင်မောင်ဆွေက ဆက် လက်ပြောကြားသည်။

နွေဦးတော်လှန်ရေးအစ အာဏာသိမ်းစအချိန်က ပြည်သူလူထုသို့ ဖြန့်ဝေခဲ့သည့် ပန်ကြားစာသည် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်အရ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း၊ အဆို ပါစာထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ရှင်းရှင်းလင်း မြင်နိုင်ပြီး တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လုံးဝ လက်မခံပဲ တခဲ နက်ဆန့်ကျင်တုန့်ပြန်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article