36 C
Yangon

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေးဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၂ ၊ ၇၀၈ ပူးပေါင်းစစ်ကြောင်းသည် ရေဦးမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေ​ရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာ ၉ ရွာမှာ ငြုတ္တုံ၊ ပြည်တော်၊ မုတ်စီ၊ မူးဆုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝနှင့် ရွာမိဿာ ကျေးရွာတို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထန်းတောရွာဘက်မှနေ၍ လက်နက်ကြီးဖြင့် အနောက်ခြမ်းကို ပစ်ခတ်ခဲ့သောကြောင့် မုတ်စီရွာထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့ကာ နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ စစ်ကြောင်းထိုး စီးနင်းလို့ ရွာ ၉ ရွာက ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူပိုင် နေအိမ် ၁ လုံးပျက်စီးတယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ ရေဦးနယ်မှာက စစ်ကြောင်း ငြိမ်နေတာ ၃ လကျော်ကြာပြီ ခင်ဦးနယ် ရွှေဘိုနယ်ဘက်ကို ထိုးခဲ့ပြီး ရေဦးပြန်ဝင်လာပြီး စစ်ကြောင်းထိုးနေတာပါ။ မနက်ဖြန် အာဇာနည်နေ့ကို စစ်ခွေးတွေ ဖျက်လို့ ဖျက်ဆီးလုပ် ပြည်သူတွေကို ဒုက္ခပေးဖို့ ထွက်လာတယ်လို့ သုံးသပ်ရပါတယ်” ဟု ရေးဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

Photo – စစ်တပ် စစ်ကြောင်း ရွာထဲဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article