32 C
Yangon

ဆောမြို့နယ်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၈ ဦးသေဆုံး

Must read

ဆောမြို့နယ်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၈ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၀

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။

ဇူလိုင်လ ၁၄ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ဒေသအခေါ် မြင်းကာတောင်၊ ကြိမ် ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံ တောင်ပေါ်များသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ၏ တပ်မ ၅၅၊ တပ်မ ၇၇၊ တပ်မ ၁၀၁ ပူးပေါင်း အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ကတင်း ကျေးရွာအနီးသို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၅၅၊ တပ်မ ၇၇၊ တပ်မ ၁၀၁ ပူး ပေါင်းအင်အား ၁၈၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂန့်ဂေါခရိုင် တပ်ရင်း ၈ ၊ တပ်ရင်း ၁၃ ၊တပ်ရင်း ၃ ၊ တပ်ရင်း ၅ ၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ တပ်ရင်း ၁၉ ၊ မကွေးခရိုင်အမှတ် ၁၊ တပ်ရင်း များ နှင့် မင်းဘူးခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၅ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article