34 C
Yangon

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထပ်မံ တိမ်းရှောင်နေရ

Must read

ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထပ်မံ တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်ကြားရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဦးမြို့နယ်အတွင်း ပြန်လည် ဝင်ရောက်လာသောကြောင့် က​ျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများသည် ထပ်မံ တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် တောင် ခြမ်းရှိ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက် စသည့်ကျေးရွာများနှင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ အောင် ချမ်းသာ၊ သရက်တော၊ လက်ဆည်၊ သပြေသာ၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ သစ်တုံ၊ ကုန်းကြီး စသည့် ကျေး ရွာများမှ ပြည်သူများသည် ထပ်မံ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။

” ဒီပဲယင်းနဲ့ ရေဦး နယ်စပ်မှာရှိနေတဲ့ စစ်ခွေး စစ်ကြောင်း ဒီပဲယင်းဘက်ကို မသွားဘဲ ရေဦးဘက်ကို ပြန်လှည့်လာလို့ ပြည်သူတွေ ထပ်ပြီး စစ်ရှောင်နေရတယ်။ မနေ့က တိမ်းရှောင်နေတဲ့ ရွာတွေပဲ ထပ်ပြီး တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ပါ ရွာတွေရှိတဲ့ဘက်ကို ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဦးမြို့နှင့် ၂ မိုင်ခန့် အကွာရှိ မူးသာကုန်း ကုက္ကိုစုရွာ၌ တပ်စွဲထားကြောင်း သိရသည်။

Photo – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article