28 C
Yangon

ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်မှု နေအိမ် ၁ လုံး ပျက်စီး

Must read

ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်မှု နေအိမ် ၁ လုံး ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ မြောက်ပိုင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင်လည်း ကလေးတောင်ပိုင်းကို လက်နက်ကြီးများဖြင့် အကြမ်းဖက် စစ်တပ်က ဆက်လက် ပစ်ခတ်နေပြီး ဆည်းမြောင်းရုံးအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီဝင်များ အင်အား အများအပြားနှင့် တပ်စွဲထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ခုတောင်ပိုင်းကို ၃ လုံးရှိပြီ။ ဆည်မြောင်းရုံးနားမှာလည်း ခွေးအင်အားများတယ်။ စောင့်နေတာ။ သံချပ်ကာ ကားတွေရောလို့ ပြောတယ်။ တောင်ပိုင်း ဝင်ချင်နေတာလား မသိသေးဘူး။ မြောက်ပိုင်းက တိုက်ပွဲမှ မရှိတာ တမင်ထုတာ။ လူတော့ ဘာမှ မဖြစ်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article