30 C
Yangon

ဆော-ကျောက်ထု လမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ဆော-ကျောက်ထု လမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော-ကျောက်ထု လမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ The Youth Force –Saw&Kyaukhtu ထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ဆော-ကျောက်ထုလမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ နင်းမိုင်း၊ လက်နက်ကြီးများဖြင့် တိုက် ခိုက်ခဲ့ကြောင်း၊ အလားတူ ဇူလိုင် ၁၅ ရက်နေ့တွင်လည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခွေးတွေက ၁၃ ရက်နေ့က အင်အား ၁၃၀ လောက်နဲ့ ကျောက်ထုတပ်ထဲကနေ ထွက်လာတာပါ၊ ကန် ပက်လက်ဘက်ကို ဆက်တက်သွားပါတယ်၊ ခွေးသေ ၃ ကောင်က လက်တွေ့မြင်တာပဲ ထုတ်ပြန်လိုက် တာပါ၊ ဒီထက်များနိုင်ပါတယ်၊ “ဂန့်ဂေါခရိုင် တပ်ရင်း ၁၃( The Youth Force –Saw&Kyaukhtu) တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျန်းမာ ရေး မကောင်းသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ၁ ဦးကို သွားရောက် ခေါ်ဆောင်စဉ်အပြန်လမ်း၌ အကြမ်းဖက်စစ်သား များမှ ချောင်းမြောင်း တိုက်ခိုက်ခဲ့သောကြောင့် မကွေးဒရုန်းအဖွဲ့မှ ရဲဘော် ၁ ဦးကျဆုံး၍ ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ The Youth Force –Saw& Kyaukhtu မှ ရဲဘော် ၁ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက်စစ် တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပူးပေါင်း တပ် ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ လယ်ကဆင်းရိုးတွင် ၁ ဦး ၊ တဲအနီးအနားတွင် ၁ ဦး ၊ ကိုင်း တောထဲတွင် ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ယင်းအကြမ်းဖက် စစ်သား အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ဒရုန်းအဖွဲ့၊ မကွေးတပ် ရင်း (၁) ၊ King Fighter(ပေါက်) ၊ ပွင့်ဖြူ (PDF) ၊ ဖေကံ ကောင်း (ရေနံချောင်း)၊ ရွှေဘိုခရိုင် တပ်ရင်း ၂၆ ၊ ပေါက် ပကဖ တပ်ရင်း ၄ ၊ မင်း ဘူးခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ ၊ SLN PDF (local) ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၃ တပ်ရင်း ၅ တပ် ရင်း ၈ ၊ တပ်ရင်း ၉၊ တပ်ရင်း ၁၃ ၊ Saw PDF (YRPA)၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ တပ်ရင်း ၁၉ တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article