26 C
Yangon

ယင်းမာပင်မြို့နယ်၊ စုန်ချောင်းရွာတွင် စစ်တပ်က သတ်ဖြတ်လိုက်သော ကျေးရွာ သား ၁၄ ဦး၏ အမည်စာရင်းများ ရရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ စစ်တပ်က တိတ်တဆိတ် ဝင်ရောက် သတ်ဖြတ်ခဲ့

Must read

ယင်းမာပင်မြို့နယ်၊ စုန်ချောင်းရွာတွင် စစ်တပ်က သတ်ဖြတ်လိုက်သော ကျေးရွာ သား ၁၄ ဦး၏ အမည်စာရင်းများ ရရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ စစ်တပ်က တိတ်တဆိတ် ဝင်ရောက် သတ်ဖြတ်ခဲ့

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် စီးနင်းပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၁၁ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သွားကြောင်း ယင်းမာပင်အခြေစိုက် ဗိုလ်ထွန်းတောက်-BTT LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်းမှ ထွက် လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းမှ ကျေးရွာအတွင်းသို့ တိတ်တဆိတ်ဝင်ရောက် ကာ လုံခြုံရေးစောင့်နေသူ ကျေးရွာကာကွယ်ရေး ရဲဘော် ၃ ဦးကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ခဲ့ ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းသို့ တိတ်တဆိတ် ဆက်လက်ဝင်ရောက်ခဲ့ကာ ပြည်သူများ ကို ဖမ်း ဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“၁၄ လောင်းလုံးတော့မတွေ့သေးဘူး၊ ကင်းစောင့်တဲ့သူ ၃ ယောက်ကို အရင်ခေါင်းဖြတ်သတ်ပြီး ကျန်တဲ့ ပြည်သူတွေကို ဆက်ဖမ်းသတ်သွားတာ၊ ဘာတိုက်ပွဲမှလည်းမရှိဘူး၊ ရွာထဲကို တိတ်တဆိတ်ဝင်ပြီး ဖမ်း သတ်သွားတာ၊ သေနတ် ၂ ချက် ၃ ချက်ဖောက်သံတော့ ကြားလိုက်တယ်၊ ရွာထဲကနေ ထွက်ပြေးတဲ့သူ တွေကလည်း ထွက်ပြေးသွားနေကြတာ၊ အခုက သေတဲ့အလောင်းတွေပဲ အတည်ပြုလို့ရသေးတယ်၊ ဖမ်းသွားတဲ့သူတွေ ဘယ်နှစ်ယောက်လည်းဆိုတာ မသိရသေးဘူး၊ ရွှေတောင်ဦးကုန်းကို ဖမ်းခေါ်သွား တာ၊ အခုဆိုရင် ရွှေတောင်ဦးကုန်းကနေ မြောက်ဘက်ကိုလက်နက်ကြီးနဲ့ ပစ်နေတယ်” ဟု ယင်းမာပင် အခြေစိုက် ဗိုလ်ထွန်းတောက်-BTT LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ စုန်ချောင်းကျေးရွာသည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်မြသက်ဦး၏ ကျေးရွာတစ်ရွာ ဖြစ်ပြီး ယခုနှစ်မတ်လ အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ဗိုလ်ချုပ် မြသက်ဦးကို ရာထူးမှ ထုတ်ပယ်ကာ မိသားစုဝင်များကို တခြားတနေရာသို့ ခေါ်ထုတ်သွားကြောင်း၊ အ ကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အောင်ဇေယျကုန်းနှင့် တစ်မိုင်ခန့်သာဝေးသည့် ကျေးရွာ တစ်ရွာ တစ်ရွာဖြစ်ကြောင်း သိရသည်။

စစ်တပ်က သတ်ဖြတ်လိုက်သော စုန်းချောင်းရွာသား ၁၄ ဉီးမှာ

၁-ပြည့်ဖြိုးထွန်း

၂-စိုင်းသူစံ

၃-နေမင်းထွန်း

၄-မျိုးမြင့်ဦး

၅-ကျော်ဦး

၆-ရန်နိုင်စိုး

၇-ဆွေကြီး

၈-အောင်ဝင်းဆွေ

၉-နိုင်မင်း

၁၀-တုတ်ကြီး

၁၁-လွင်မိုးထွန်း

၁၂-ဌေးဇော်

၁၃-ဖိုးအောင်

၁၄-အောင်ဇော်ဝင်း တို့ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article