26 C
Yangon

ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်သည် ရန်ကုန် တိုင်း အစိုးရပိုင်မြေ ကျူးကျော် ဆောက်လုပ်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း

Must read

ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်သည် ရန်ကုန် တိုင်း အစိုးရပိုင်မြေ ကျူးကျော် ဆောက်လုပ်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်ကို ရန်ကုန်တိုင်း အစိုးရပိုင်မြေ၌ ကျူးကျော် ဆောက်လုပ်ထားသည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရှာဘွာကျေးရွာအုပ်စုရှိ ဘောလုံးကွင်းကျေးရွာ အနောက်ပိုင်းရှိ နေအိမ်များ၊ တကူပုံကျေးရွာနှင့် ဖျံရွာချောင်ကျေးရွာ အကြားရှိ နေအိမ်များ၊ တကူပုံကျေးရွာနှင့် ‌ရှာဘွား ကျေးရွာ အကြားရှိ နေအိမ်များသည် ရန်ကုန်တိုင်းအစိုးရပိုင် မြေဧက ၁၃၂၅ ပေါ်တွင် နေအိမ် ဆောက်လုပ်ပြီး သီးနှံများ စိုက်ပျိုးထား​သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း​ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေနေရာ၌ ဖယ်ရှားရမည်ဆိုသော အကြောင်းကြားစာကို အုပ်ချုပ်ရေးမှူးနှင့် အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၆ ရက်နေ့တွင် လာရောက် ပေးပို့သွားပြီး ၁ လအတွင်း ဖယ်ရှားခိုင်းခြင်းဖြစ်သောကြောင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖယ်ရှားရမည်ဖြစ်ကြောင်း သိရသည်။

” ဖျက်ခိုင်းတာက အိမ်ခြေ ၂၀၀ ကျော်ပါတယ်။ နေအိမ်ဖယ်ပေးရမယ့်သူတွေထဲမှာ တိုက်ခံ အိမ်တွေပါပါတယ်။ သတ်မှတ်ရက်ထက် နောက်ကျပြီးမှ အိမ်တွေဖျက်ရင်လည်း ဒဏ်ကြေးပေးဆောင်ရမယ်ပြောပါတယ်။ နေအိမ်အချို့က ယခင်အစိုးရ လက်ထက်မှာ မီးရရှိထားတဲ့အိမ်တွေပါ။ အဲ့လူတွေ ဖျက်ရရင် နေဖို့နေရာမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article