26 C
Yangon

အွန်လိုင်းစျေးရောင်းသူနှင့် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ လိုင်စင်မှတ် ပုံမတင်လျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ၊ ငွေဒဏ် ၅ သိန်းချမှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

Must read

အွန်လိုင်းစျေးရောင်းသူနှင့် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ လိုင်စင်မှတ် ပုံမတင်လျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ၊ ငွေဒဏ် ၅ သိန်းချမှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံတွင် အွန်လိုင်းစျေးရောင်းသူ၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ လိုင်စင်မှတ်ပုံမတင်လျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိလည်းကောင်း၊ ငွေ ဒဏ် ၅ သိန်းကိုလည်းကောင်း ချမှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့် ထုတ်ပြန်၍ ခြိမ်းခြောက်သည်။

Online မှတစ်ဆင့် စျေးရောင်းချသူများ၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူများ ၆လအတွင်း Online လုပ်ငန်းကိုမဖြစ် မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မလိုက်နာရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အနည်း ဆုံး ထောင် ဒဏ် ၆လမှ အများဆုံး ထောင်ဒဏ် ၃ နှစ် အပြင်ကျပ်ငွေ ၅သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားရုံးက ပြစ်မှုနှင့်သက်ဆိုင်သော ပစ္စည်းများကို ဖျက်ဆီးရန် (သို့မဟုတ်) နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်း(သို့မဟုတ်) အခြားနည်းစီမံခန့်ခွဲရန် အမိန့်ချနိုင်ကြောင်း သိရှိရသည်။

“မှတ်ပုံတင်တယ်ဆိုတာက လိုင်စင်လုပ်ခိုင်းတာပါပဲ။ တကယ်တော့ အွန်လိုင်း Shopping တွေဆိုတာ တစ်ပိုင် တစ်နိုင်လုပ်နေကြတာ။ ဖေ့ဘုတ်စ်ကနေ။ ဒါလေးရှိလို့ မိသားစုလေးတွေ အဆင်ပြေနေကြတာ။ မှတ်ပုံတင်ခိုင်းပြီး အခွန် ကောက်မယ်၊ လိုက်ကျပ်မယ်လေ။ စောက်ကျင့်ယုတ်တာပေါ့ စစ်ခွေးတွေက” ဟု ရန်ကုန်မြို့တွင် အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းလ်ဖုန်း Second Hand ရောင်းချနေသူ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article