မုံရွာတွင် ဆက်ကြေးကောက်နေသည့် စစ်သားနှင့် ပျူစောထီများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ မြိုင်တွင် ကိုင်းတောမ နယ်မြေရဲစခန်းနှင့် ရေစက်စောင့်နေသည့် စစ်သားများကို ဝင်ရောက် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်ဦးလမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ဇူလိုင်လ ၂၂ ရက် ညနေ ၄ နာရီ မိနစ် ၂၀ ခန့်က စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲပြီး တောပုရွာမှ ပျူစောထီးများနှင့်ပူးပေါင်းကာ ခရီးသွားပြည်သူများကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ် သား၊ ပျူစောထီးများကို လက်လုပ် ၄၀ မမ ဗုံးသီး ၆ လုံးအပါအဝင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး တစ်ဦးပေါင်ပြတ်ဒဏ်ရာအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“စွမ်းရည်ထက်ဆီမှာတပ်စွဲထားတဲ့စစ်ခွေးတွေနဲ့ တောပုရွာကပျူတွေပေါင်းထားပြီး ခရီးသွားပြည်သူ ကို မိုက်ကြေးခွဲ ဆတ်ကြေးကောက်နေတာဗျ၊ နေ့လည်ကတစ်ကြိမ်တိုက်ခဲ့သေးတယ်၊ အခုထုတ်ပြန်တဲ့ သတင်းက ညနေတစ်ကြိမ်ပြန်တိုက်ခိုက်ခဲ့တာ၊ ညပိုင်းတော့ သူတို့နေရာတွေကို ပြန်သွားကြတယ်၊ သေ သွားတဲ့အလောင်းတွေကိုလည်း တောပုရွာဘက်ကို သယ်သွားကြပါတယ်” ဟု People’s Defence Force – South Monywa မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း( People’s Defence Force – South Monywa) မုံရွာခရိုင်အမှတ် ၂၄ တပ်ရင်းတပ်ခွဲ ၂ ၊ တပ်ခွဲ ၄ ၊ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊ Garuda King Monywa ၊ Area71 People’s Defence Force Monywa ၊ Special Guerilla Force၊ Monywa Generation Tiger တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမနယ်မြေရဲစခန်းနှင့် ရေစက်စောင့် စစ်သားများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myaing Warriors တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၉ ရက် နေ့က အကြမ်းဖက်စစ်သား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ကိုင်းတောမနယ်မြေရဲစခန်း နှင့် ရေစက်စောင့်စစ်သားများကို အာဇာနည်နေ့အထိမ်းအမှတ် အောက်မေ့ဂုဏ်ပြုသောအားဖြင့် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုစုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myaing Warriors ၊ ကျားသစ်နက်တပ်ခွဲ၊ MRDF ၊ Hero New GZ People’s Defence Force ၊ Royal Defense Force – RDF ၊ Black Cheetah တပ်ဖွဲ့၊ ဘီလုံးငှက်၊ တမာမြေ ပြောက်ကျားတပ်ဖွဲ့-မြိုင်နှင့် အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
