အီတလီနိုင်ငံ၊ မီလန်မြို့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၂၃
အီတလီနိုင်ငံ၊ မီလန်မြို့တွင် ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး ဆန္ဒပြပွဲအဖြစ် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့သည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို မတရားကြိုးပေး ကွပ်မျက်ခဲ့သည့် နှစ်ပတ်လည်နေ့တွင် တော်လှန်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်သွားကြသည့်ရဲဘော်များနှင့် ထောင်သွင်းအကျဥ်းကျခံထားရသည့် ရဲဘော်များ၊ နိုင်ငံရေးအကျဥ်းသားများအတွက် မမေ့လျော့ဘဲ နှိုးဆော်ဂုဏ်ပြုကာ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ မဆုတ်မနစ် ရှေ့ဆက် တော်လှန်သွားကြရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


