ရွာပေါင်းစုံ သပိတ်စစ်ကြောင်းက ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၂၃
ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းနှင့် ရွာပေါင်းစုံ သပိတ်တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့သည် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို စစ်တပ်က မတရားသဖြင့် ကြိုးပေး သတ်ဖြတ်ခဲ့သည့် နေ့ဖြစ်ကြောင်း၊ ၄င်းတို့ အပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့သည့် အာဇာနည်များ၏ မျှော်လင့်ချက်များ တောင့်တချက်များကို ပြည်သူများအနေဖြင့် ၄င်းတို့ကိုယ်စား အားအင်အပြည့်ဖြင့် စုစည်းတော်လှန် တိုက်ပွဲဝင်ပေးကြပါလို့ တောင်းဆိုသည့်အနေဖြင့် “သူရဲကောင်းတို့မျှော်ရည်ချက် နဲ့ ဆက်ချီတတ်” စာတန်း ကိုင်ဆောင်ကာ ချီတတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။