ကန်ပက်လက်မြို့၊ ရန်အောင်စေတီကုန်းအနီး ကင်းစခန်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၄
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကန်ပက်လက်မြို့၊ ဒေသအခေါ် ရန်အောင်စေတီကုန်းအနီးရှိ အ ကြမ်းဖက်စစ်တပ်ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဇူလိုင်လ ၂၂ ရက် နေ့လည် ၃ နာရီခွဲခန့်က အဆိုပါ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(ဂန့်ဂေါခရိုင်) အမှတ် ၁၃ တပ်ရင်းနှင့် CDF မင်းတပ်၊ CDF ကန်ပက်လက် ပူး ပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မ ရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် မကွေးတိုင်းအနောက်ခြမ်းနှင့် ချင်းပြည်နယ်လမ်းပိုင်းများကို စိုးမိုးထိန်းချုပ်ရန် ကြိုးစားဆောင်ရွက်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား များနှင့် မဟာမိတ် ပူးပေါင်းတပ်များက ကြံ့ကြံ့ခိုင် ရင်ဆိုင်တိုက်ခိုက်နေလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ (စစ်ရုံးချုပ်)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန် ထားသည်။