27 C
Yangon

ပဲခူးမြို့ရှိ အစိုးရရုံးနှင့် ထွေအုပ်ရုံးကို 79 မမ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ရေဖြူရှိ အမတ-၃၀၄ တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦး သေဆုံး

Must read

ပဲခူးမြို့ရှိ အစိုးရရုံးနှင့် ထွေအုပ်ရုံးကို 79 မမ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ရေဖြူရှိ အမတ-၃၀၄ တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၅

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးနှင့် ထွေအုပ်ရုံးကို 79 မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေး ရုံးဝန်းဂိတ်ပေါက်နား၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်ခဲ့သော ပဲခူးမြိုနယ် ပကဖ တပ်ဖွဲဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အခြေစိုက် အမတ-၃၀၄ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာစစ်သား ၁ ဦးသေဆုံး သေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ခန့်တွင် အမတ-၃၀၄ တပ်ရင်းအတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက တာဝေးပစ် လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း တပ်နှင့် အနီးစပ်သူ တစ်ဦးထံမှ သိရသည်ဟု Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article