မိုးကုတ်မြို့အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၂၇
မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက် နံနက် ၄ နာရီ ၂၃ မိနစ်ခန့်က မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းကို ကချင် လွတ်မြောက်ရေးတပ်မတော် KIAတပ်ရင်း ၃၄ နှင့် မိုးမိတ်ခရိုင်KPDF တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊အလားတူ နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် မိုးကုတ်မြို့၊ ဗန်မွန်ကျေးရွာ၊ မဏိသာရ ဘုန်းကြီးကျောင်း၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု အ များအပြားရှိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက်နံနက် ၇ နာရီ ၃ မိနစ်တွင် မိုးကုတ်မြို့၊ အနောက်ပိုင်း ကင်းတောရဘုန်းကြီးကျောင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက် ညနေ ၄ နာရီ ၃၂ မိနစ်တွင် မိုးကုတ်မြို့အနောက်ပိုင်းရှိ ဂွေးပင်တပ်ကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးအထက်ဒဏ် ရာ ရရှိခဲ့ကြောင်း ယင်းတိုက်ပွဲအားလုံးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းမှ ထုတ်ပြန်ထားသည်။